
Posted on





Source – Shandra Shwe Si
Credit – CeleGabar

ဒီနေ့မှာပဲ အသက်၁နှစ်ပြည့်သွားပြီဖြစ်တဲ့ ချစ်သမီးလေးအတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးပြီး သမီးလေးရဲ့ပုံရိပ်တွေပါ ပြသလာတဲ့ စည်ဖြိုးနဲ့ခင်လွှမ်း

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချောစည်ဖြိုးနဲ့ မင်းသမီးချောလေး ခင်လွှမ်းတို့ ကတော့ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားပြီး သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။သမီးလေးကလည်း ဖေဖေမေမေတို့ ရဲ့ အချောအလှတွေကို ရရှိထားတာကြောင့် တကယ်ကိုချစ်စရာကောင်းလှတဲ့ ကလေးလေးပါ။

ဒီနေ့ ဇွန်လ (၁၄)ရက်နေ့လေး ကတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ သမီးလေးဖြစ်တဲ့ Shandra Shwe Siရဲ့ တစ်နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သမီးလေး Shandra Shwe Siရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း သမီးလေးရဲ့ တစ်နှစ်ပြည့်လက်ရှိချစ်စရာကောင်းလှတဲ့ ပုံလေးတွေနဲ့ အတူ “Happy 1 year birthday ပါ သမီးလေးရေ။ အရမ်းချစ်တယ်” ဆိုပြီးမွေးနေ့ဆုတောင်းပေးထား ခဲ့ပါသေးတယ်။

Happy Birthday ပါ သမီးလေးရေ ပညာတတ်ကြီးဖြစ်ပြီး ဖေဖေမေမေ အားကိုးရတဲ့ သမီးလိမ္မာလေးဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း သမီးလေး Shandra Shwe Si ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Shandra Shwe Si
Credit – CeleGabar