Posted on
Credit
သူမဝယ်ယူလိုက်တဲ့ မြေကွက်လေးအကြောင်းတင်ခဲ့မိရာမှ ပရိသတ်တစ်ယောက်ရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံရတဲ့အပေါ် ပြန်လည်တုံပြန်လိုက်တဲ့ မေပန်းချီ
ပရိသတ်ကြီးရေ သရုပ်ဆောင်မေပန်းချီ ကတော့ အနုပညာ အလုပ်တွေ အပြင် တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ရတနာတွေကို live လွှင့်ရောင်းချပေးပြီး အောင်မြင်နေတဲ့သူ တစ်ယောက်လည်းဖြစ် ပါတယ်။မေပန်းချီကတော့ သိန်း(၁)ထောင်တန်မြေကွက်ကြီးကို ဝယ်ခဲ့တာကို လိုင်းပေါ်တင်ခဲ့လို့ဝေဖန်မှုတချို့ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ပရ်ိသတ်တစ်ဦးကအနုပညာသမား ဘဝတူတွေပြေးနေရတဲ့အချိန်မှာအမ အလုပ်တွေ အဆင်ပြေလာတာကိုဝမ်းသာပါတယ်။အမကို သဘောကျလို့ Live တိုင်း နီးပါးလဲ ကြည့်ဖြစ်ပါတယ်။
တစ်ခုခု ဆိုပို့စ်တင်ပြီး ကြွားကြွားနေတာ အမလို ဘဝတူ ပြေးနေရတဲ့ အနုပညာသမား တွေကိုအားမနာဘူး လား။သူတို့ကို အားနာသောအားဖြင့် ပို့စ်တင်ပြီးကြွားမနေပေးလို့ မရဘူးလား။ခဏလောက်လေးပဲ တိတ်ဆိတ်ပေးလို့ မရဘူး လားဆိုပြီးပြောလ ာတာဖြစ်ပါတယ်။အဲဒီ comments လေးကို မေပန်းချီကလည်း ဟုတ်ကဲ့ လူတိုင်းကသူ့အကြောင်းနဲ့ သူရှိပါတယ်အစ်မက ဒီအချိန် ပဲ ကွက်မြင်တာကို အနင်းခံနေရတဲ့အချိန် ၁ဝစုနှစ်ကိုကွက်မမြင်တာလူဆိုတာ ကိုယ်ကြုံဖူး မှ ကိုယ်သိသလို ကျွန်မအကြောင်းတရားထပ် အစ်မပိုမသိနိုင်ပါဘူး။မုဒိတာ တရားဆိုတာ ဒီလို အချိန်မှာခေါ်တာ အဲ့အနုပညာလောကထဲက လူတချို့ ပဲ ကျွန်မတို့ကိုနင်းခဲ့တာ ဆယ်စုနှစ်တစ်ခုရှပါပြီ။
ရိုက်ချိုးခံခဲ့ ရတဲ့နေ့တွေ အချိန်တွေ မိဘကိုအိမ်ပိုင် မထားပေးနိုင်တဲ့အချိန်တွေ ဘဝက အစ်မပြောတဲ့ ကြွားဝါချင်းတမျိုးနဲ့ ရပ်တည်နေတာ မဟုတ်ဘူး။တချို့ ပိုစ့် သည် ကျွန်မ ချစ်တဲ့ သူတွေ မုဒိတာပွါးဖို့ တချို့ ပိုစ့်သည် လူတိုင်းကြိုးစားရင်ဖြစ်တယ်ဆိူတာ သိဖို့ တချို့ ပိုစ့်သည် ကျရူံးနေပါပြီဆိုပြီးနင်းနင်းခဲ့တဲ့ သူတွေသိဖို့ ဘဝ က အစ်မတွေးခေါ်နေသလိုနိမ့်ပါးနေဘူး။ကျွန်မဘဝရဲ့ ရုန်းကန်ခဲ့ရမူ့တိုင်းအစ်မ မမြင်ဖူးခဲ့တာမို့အစ်မအတွေးအခေါ်က သေးတိမ်နေလောက်တယ်။လူတိုင်း မှတ်ကျောက်ရှိတယ်။ဒဏ်ရာရှိတယ် အကြောင်းတရားရှိတယ်အကြွားပိုစ့်လို့ထင်တယ် ပိုစ့်များရှိရင်မန်းရှင်းခေ့်လိုက်ပါ ထပ်ရှင်းပြဖို့ဆိုပြီးမေပန်းချီကပြန်ရှင်းလာတာဖြစ်ပါတယ်။
Credit