
Posted on





Source – Oakar Kyaw
Credit – CeleGabar

ချစ်ရတဲ့တစ်ဦးတည်းသောသားလေးရဲ့ မူကြိုကျောင်းဆင်းပွဲမှာ ပျော်ရွှင်စွာတက်ရောက်ခဲ့ပုံကို ပရိသတ်ကြီးအားပြန်လည်မျှဝေလာတဲ့ ဆုပန်ထွာတို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ဆုပန်ထွာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ချစ်စရာကောင်း လှတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကို အနည်းအကျဉ်းသာပြုလုပ်ကာ မိသားစုကို အချိန်ပေးနေခဲ့ပါတယ်။

ဆုပန်ထွာရဲ့ သားလေး ကတော့ ချစ်စရာကောင်းလှတဲ့ အပြင် တော်လည်းတော်ပြီး လည်လွန်းလှတာကြောင့် ပရိသတ်တွေကချစ်နေရတဲ့ ကလေးတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁၁)ရက်နေ့လေးမှာတော့ သားလေး Roar လေးရဲ့ မူကြိုကျောင်းဆင်းပွဲမှာ ကိုတက်ရောက်ခဲ့တဲ့ ပုံလေးကို မျှဝေလာခဲ့ပါတယ်။

ဆုပန်ထွာကတော့ တော်လွန်း လှတဲ့ သားလေးကြောင့်လည်း ပီတိဖြစ်ဂုဏ်ယူနေခဲ့ ပါသေးတယ်။ ပရိသတ်ကြီးရေ ချစ်စရာကောင်း လှတဲ့ ဆုပန်ထွာရဲ့ သားသားလေးရဲ့ မူကြိုကျောင်းဆင်းပွဲပုံရိပ်လေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Oakar Kyaw
Credit – CeleGabar