ညီမျဖစ္သူကို မဟုတ္မမွန္သတင္းေတြလႊင့္ေနတဲ့အေပၚ ပြင့္ပြင့္လင္းလင္းေျပာျပလာတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕အစ္မ

Posted on

ညီမျဖစ္သူကို မဟုတ္မမွန္သတင္းေတြလႊင့္ေနတဲ့အေပၚ ပြင့္ပြင့္လင္းလင္းေျပာျပလာတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕အစ္မ

နိုင္ငံေက်ာ္ ထိပ္တန္းမင္းသမီး အိျႏၵာေက်ာ္ဇင္ ကေတာ့ ဆယ္စုႏွစ္ႏွစ္စုေက်ာ္တိုင္ ေအာင္ျမင္မႈကို ထိန္းသိမ္းထားနိုင္သူ တစ္ေယာက္ျဖစ္ပါတယ္။ အကယ္ဒမီဆုေတြမ်ားစြာကိုလည္း လက္ဝယ္ပိုင္ဆို င္ထားတဲ့ အိျႏၵာေက်ာ္ဇင္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ နိုင္ငံေရး လႈပ္ရွားမႈေၾကာင့္ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ခံခဲ့ရၿပီးေနာက္ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန႔မွာေတာ့ အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာအလုပ္ေတြကို လုံးဝရပ္နားလိုက္ၿပီဆိုၿပီး သတင္းေတြထြက္ေပၚေနလ်က္ရွိတာပဲျဖစ္ပါတယ္။

ထိုသတင္းနဲ႔ ပတ္သက္ၿပီး အိျႏၵာေက်ာ္ဇင္ရဲ့ အစ္မရင္း ဒီဇိုင္နာအိေက်ာ္ဇင္က “ေမာင္ေလးေျပတီဦးနဲ႔ ညီမေလး အိျႏၵာေက်ာ္ဇင္တို႔ရဲ့ သတင္းအမွားေတြ အခုတေလာခဏခဏတက္ေနတာနဲ႔ ပတ္သက္လို႔ သူတို႔ရဲ့အႏုပညာကိုတန္ဖိုးထားၿပီး ခ်စ္ေပးတဲ့ ပရိသတ္ေတြ အေနနဲ႔ မိသားစုကတင္တဲ့သတင္းကလြဲလို႔ဘယ္သတင္းမွ မယုံၾကဖို႔ ေမတၱာရပ္ခံအပ္ ပါတယ္။ညီမေလး အိျႏၵာေက်ာ္ဇင္ဟာ အခုအခ်ိန္မွာ တစ္ခ်ိဳ႕ေသာ က်န္းမာေရးျပႆနာေတြရွိလို႔ ေဆးကုသမႈခံယူၿပီး ဆရာဝန္ညႊန္ၾကားခ်က္အတိုင္း အနားယူေနရတဲ့ အေျခအေနမွာပဲ ရွိေနပါေသးတယ္။ကိုယ္တိုင္ပရိသတ္ေရွ႕ကို မထြက္နိုင္ခင္မွာ သူခ်စ္တဲ့ ပရိသတ္နဲ႔ ထိေတြ႕နိုင္မယ့္ နည္းလမ္းေလးေတြ စဥ္းစားေနတယ္လို႔လဲ ညီမေလးကေျပာပါတယ္။ဒါေၾကာင့္ မိသားစုက အတည္ျပဳထားျခင္း မရွိတဲ့ သတင္းအမွားေတြအတြက္ မစိုးရိမ္ၾကပါနဲ႔လို႔ ေမတၱာရပ္ခံအပ္ပါတယ္ရွင့္။” ဆိုၿပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားလာခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္ ကေတာ့ ျပန္လည္ လြတ္ေျမာက္ လာခဲ့တာ လအေတာ္ၾကာခဲ့ၿပီ ဆိုေပမယ့္ သူမရဲ့က်န္းမာေရးအေျခအေနေၾကာင့္ ပရိသတ္ေတြ ကို ျပန္လည္ထိေတြ႕နိုင္ဖို႔ကိုလည္း ႀကိဳးစားေနတာ ပဲျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ကေတာ့ ပရိသတ္ေတြေရွ႕ကို ျပန္လည္ေရာက္ရွိလာမွာမို႔ ပရိသတ္ႀကီးက အိျႏၵာေက်ာ္ဇင္တစ္ေယာက္ အျမန္ဆုံးေနေကာင္းက်န္းမာေစဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။

Source: Ei Kyaw Zin’s fb
Credit:Cele Active World

ညီမဖြစ်သူကို မဟုတ်မမှန်သတင်းတွေလွှင့်နေတဲ့အပေါ် ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အိန္ဒြာကျော်ဇင်ရဲ့အစ်မ

နိုင်ငံကျော် ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ဆယ်စုနှစ်နှစ်စုကျော်တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေများစွာကိုလည်း လက်ဝယ်ပိုင်ဆို င်ထားတဲ့ အိန္ဒြာကျော်ဇင်ဟာ ပြီးခဲ့တဲ့နှစ်မှာတော့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင်ဟာ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီဆိုပြီး သတင်းတွေထွက်ပေါ်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ထိုသတင်းနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင်ရဲ့ အစ်မရင်း ဒီဇိုင်နာအိကျော်ဇင်က “မောင်လေးပြေတီဦးနဲ့ ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေ အခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေ အနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ် ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ ပြန်လည် လွတ်မြောက် လာခဲ့တာ လအတော်ကြာခဲ့ပြီ ဆိုပေမယ့် သူမရဲ့ကျန်းမာရေးအခြေအနေကြောင့် ပရိသတ်တွေ ကို ပြန်လည်ထိတွေ့နိုင်ဖို့ကိုလည်း ကြိုးစားနေတာ ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာမှာမို့ ပရိသတ်ကြီးက အိန္ဒြာကျော်ဇင်တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: Ei Kyaw Zin’s fb
Credit:Cele Active World