
Posted on





Credit:

သူမရဲ့မိခင်ဖြစ်သူ အသက်ဆက်နေတဲ့ ဆေးခြောက်ဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ပရိသတ်ကြီးအားပြောပြလာတဲ့ သန္တာလှိုင်

ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှ ာဆိုရင်မော်ဒယ်သန္တာလှိုင်က မိခင်ဖြစ်သူ ကိုယ်တိုင်သုံးစွဲ လာတဲ့ ဆေးခြောက်ဟာ ဘယ်လောက် တန်ဖိုးရှိကြောင်း ပရိတ်သတ်တွေကိုအခုလိုပြောလာခဲ့ပါတယ်နော်။

မော်ဒယ် သန္တာလှိုင်က ကျွန်မမေမေက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ထဲက စပြီးဖြစ်ခဲ့တဲ့ ပျောက်အောင် ကုလို့မရတဲ့ ခြေတုန်လက်တုန် Parkinson’s ရောဂါနဲ့ Australia မှာ နေနေတာပါ၊ အနောက်တိုင်းဆေး လုံးဝ မသောက်ဘဲ medical Marijuana ဆေးခြောက် အဆီလေးနဲ့ အသက်ဆက်ရှင် ခဲ့ရတာ အခုဆိုရင် ၆ နှစ်ရှိပါပြီ။ Australia မှာ ဆေးခြောက်ကို အချို့ပြည်နယ်တွေမှာ တရားဝင်စိုက်ခွင့် သုံးစွဲခွင့်ပြုထားတာ ကြာပြီဖြစ်ပေမယ့် Thailand ကတော့ ဒီနေ့မှ တရားဝင် decriminalized လုပ်ပြီး ဆေးဖြစ်ဝါးဖြစ် အိမ်တိုင်းမှာ စိုက်ဖို့ ဆေးခြောက်အစေ့လေးတွေ တစ်သန်းကို Thai အစိုးရက ဝေမျှပေးမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ဆင်နွဲကြမှ ာဖြစ်လို့ ပျော်စရာနေ့လေးကို ကျွန်မကလည်း ရောက်နေ တဲ့ နေရာကနေ ကြိုဆိုပါတယ်ဆိုပြီးသူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများ အတွက်ပြန်လည်တင်ဆက်ပေးလိုက် ပါတယ်နော်။

Credit: