Source – Khine Hnin Wai
Credit – CeleGabar
သူမရဲ့သားသမီးတွေက TikTokတောင်ဆော့တတ်နေပြီဖြစ်ကြောင်းကို ပရိသတ်ကြီးအားဗီဒီယိုလေးနှင့်တကွပြသလာတဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ကတော့ သူ့ရဲ့ဂေဟာက ကလေးတွေကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အတွက် ကလေးတွေရဲ့ ချစ်စရာဗီဒီယိုလေးတွေကို မကြာခဏဆိုသလို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ကလေးတွေကလည်း မေမေခိုင်နှင်းဝေရော ပရိသတ်တွေကပါ အချစ်ပိုရလောက်အောင် ကို ချစ်စရာအလွန်ကောင်းကြပါတယ်။
တစ်နေ့ထက်တစ်နေ့ အရွယ် ရောက်လာလေလေ ပိုပိုတတ်သိပြီး ပိုပိုချစ်စရာကောင်းလာလေလေမို့ ပရိသတ်တွေရော မေမေခိုင်နှင်းဝေ ကပါ ချစ်ခင်လွန်းနေကြရပါသေးတယ်။ အခုဆိုရင်တော့ ကလေးတွေက TikTok ဗီဒီယိုလေးတွေကို ပါလိုက်ဖက်ညီအောင် လိုက်ဆော့တတ်နေပြီဖြစ်ပြီး ခိုင်နှင်းဝေကတော့ ကလေးတွေရဲ့ TikTok ဗီဒီယိုလေးကိုကြည့်ပြီး အကြီးအကျယ်ကို သဘောကျနေခဲ့ပါသေးတယ်။
သူ့လိုပဲ သူ့ရဲ့ကလေးတွေ ကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် ကလေးတွေရဲ့ TikTok ဗီဒီယိုလေးကို ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ အားလုံးထဲ မှာတော့ အာကြီးက အကဲဆုံး အတတ်ဆုံးလေး ပါပဲနော်။
Source – Khine Hnin Wai
Credit – CeleGabar