ငယ္ငယ္ကပရိသတ္ေတြျမင္ဖူးေနၾက ပံုစံမ်ိဳးမဟုတ္ေတာ့ပဲ ဆံပင္ရွည္ေလးနဲ႕လူႀကီး႐ုပ္ေလးျဖစ္လာကာ ခ်စ္စရာေကာင္းေနတဲ့ ျမင့္ျမတ္ရဲ႕သားေလး
မင္းသားေခ်ာ ျမင့္ျမတ္ ကေတာ့ တကၠသိုလ္ေက်ာင္းသား အ႐ြယ္မွ ာကတည္းက ပ်ိဳတိုင္းႀကိဳက္တဲ့ ေမဂ်ာ king တစ္ေယာက္ျဖစ္ ခဲ့ၿပီး အႏုပညာေလာကထဲကို ဝင္ေရာက္လာ ခ်ိန္မွာလည္း ပ်ိဳပ်ိဳေမေလးေတြ အသည္းစြဲ အႏုပညာရွင္တစ္ေယာက္ ျဖစ္လို႔ေန တာပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ကာ႐ိုက္တာမ်ိဳးစုံ သ႐ုပ္ေဆာင္ဖူးတဲ့ ျမင့္ျမတ္ကေတာ့ သူ႔ရဲ႕ အျပင္က ေနထိုင္မႈပုံစံက ေအးေအးေဆးေဆးရွိၿပီး တည္ၾကည္လြန္းတာေၾကာင့္ လူႀကီး၊ လူငယ္၊ ၿမိဳ႕ပ ရိသတ္၊ နယ္ပရိသတ္မေ႐ြး ခ်စ္ခင္အားေပးမႈကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။
ျမင့္ျမတ္ရဲ့ သားေလး ျမတ္သူ ဟာလည္း ျဖဴျဖဴေဖြးေဖြးေလးနဲ့ ခ်စ္စရာေကာင္း တာေၾကာင့္ ပရိသတ္ေတြရဲ့ခ်စ္ခင္မႈကို ရရိွထားတဲ့ ကေလး တစ္ေယာက္ပါပဲ။ ျမင့္ျမတ္ဟာ လူမႈကြန္ယက္စာမ်က္နွာကို အသံုးမျပဳသူတစ္ေယာက္ပီပီ သူ့ရဲ့မိသားစုနဲ့ပတ္သက္တာေရာ အလုပ္ကိစၥေတြနဲ့ ပတ္သက္တာေရာ တင္ေလ့မရိွေပမယ့္ သူ့ရဲ့မန္ေနဂ်ာကေတာ့ ျမင့္ျမတ္ရဲ့သားေလးျမတ္သူရဲ့ ဓာတ္ပံုေလးေတြကို မွ်ေဝေပးေလ့ရိွပါတယ္။ ျမင့္ျမတ္ရဲ့မန္ေနဂ်ာ တင္ထားတဲ့ လက္ရိွဓာတ္ပံုမွာေတာ့ ျမတ္သူေလးဟာ ငယ္ငယ္က ပရိသတ္ေတြျမင္ဖူးေနၾကပံုစံမ်ိဳးမဟုတ္ေတာ့ပဲ တျဖည္းျဖည္း လူၾကီးရုပ္ေလးျဖစ္လာခဲ့တာကို ေတြ့ရပါတယ္။
ျမင့္ျမတ္ရဲ့ သားေလး ျမတ္သူ ကေတာ့ ပရိသတ္ေတြ မမျင္ရတဲ့ တခဏေလးအတြင္းမွာပဲ အရြယ္ေရာက္လာ ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ျမင့္ျမတ္တို့မိသားစုေလးကို လူစံုတက္စံုအရင္လို ေပ်ာ္ရႊင္စြာျမင္ခ်င္ေနျကျပီထင္ပါတယ္ေနာ္။
Source: Myat Wai Tun’s fb
Credit:Cele Active World
ငယ်ငယ်ကပရိသတ်တွေမြင်ဖူးနေကြ ပုံစံမျိုးမဟုတ်တော့ပဲ ဆံပင်ရှည်လေးနဲ့လူကြီးရုပ်လေးဖြစ်လာကာ ချစ်စရာကောင်းနေတဲ့ မြင့်မြတ်ရဲ့သားလေး
မင်းသားချော မြင့်မြတ် ကတော့ တက္ကသိုလ်ကျောင်းသား အရွယ်မှ ာကတည်းက ပျိုတိုင်းကြိုက်တဲ့ မေဂျာ king တစ်ယောက်ဖြစ် ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာ ချိန်မှာလည်း ပျိုပျိုမေလေးတွေ အသည်းစွဲ အနုပညာရှင်တစ်ယောက် ဖြစ်လို့နေ တာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ကာရိုက်တာမျိုးစုံ သရုပ်ဆောင်ဖူးတဲ့ မြင့်မြတ်ကတော့ သူ့ရဲ့ အပြင်က နေထိုင်မှုပုံစံက အေးအေးဆေးဆေးရှိပြီး တည်ကြည်လွန်းတာကြောင့် လူကြီး၊ လူငယ်၊ မြို့ပ ရိသတ်၊ နယ်ပရိသတ်မရွေး ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
မြင့်မြတ်ရဲ့ သားလေး မြတ်သူ ဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာကောင်း တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားတဲ့ ကလေး တစ်ယောက်ပါပဲ။ မြင့်မြတ်ဟာ လူမှုကွန်ယက်စာမျက်နှာကို အသုံးမပြုသူတစ်ယောက်ပီပီ သူ့ရဲ့မိသားစုနဲ့ပတ်သက်တာရော အလုပ်ကိစ္စတွေနဲ့ ပတ်သက်တာရော တင်လေ့မရှိပေမယ့် သူ့ရဲ့မန်နေဂျာကတော့ မြင့်မြတ်ရဲ့သားလေးမြတ်သူရဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ မြင့်မြတ်ရဲ့မန်နေဂျာ တင်ထားတဲ့ လက်ရှိဓာတ်ပုံမှာတော့ မြတ်သူလေးဟာ ငယ်ငယ်က ပရိသတ်တွေမြင်ဖူးနေကြပုံစံမျိုးမဟုတ်တော့ပဲ တဖြည်းဖြည်း လူကြီးရုပ်လေးဖြစ်လာခဲ့တာကို တွေ့ရပါတယ်။
မြင့်မြတ်ရဲ့ သားလေး မြတ်သူ ကတော့ ပရိသတ်တွေ မမငြ်ရတဲ့ တခဏလေးအတွင်းမှာပဲ အရွယ်ရောက်လာ ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မြင့်မြတ်တို့မိသားစုလေးကို လူစုံတက်စုံအရင်လို ပျော်ရွှင်စွာမြင်ချင်နေကြပြီထင်ပါတယ်နော်။
Source: Myat Wai Tun’s fb
Credit:Cele Active World