Credit- CeleGabar
သူမအပေါ်ကိုရှေ့တစ်မျိုးနောက်ကွယ်ကျတစ်မျိုး ဆက်ဆံနေတဲ့ လူတစ်ချို့ကို ထိမိတဲ့စကားလုံးလေးတွေနဲ့ သတိပေးစကားဆိုလိုက်တဲ့ စံရတီမိုးမြင့်
ပရိသတ်ကြီးရေ စံရတီမိုးမြင့် ကတော့ ကျန်းမာရေး လိုက်စားကာ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်း မှာလည်း အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲကတစ်လက်ပါ။
သူမကတော့ ဘယ်သူတွေ ဘယ်လို တိုက်ခိုက်ပြောဆိုပြောဆို သူမအနေနဲ့ တည်ငြိမ် ရင့်ကျက်စွာ ဖြတ်သန်းနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့”မကင်းနိုင်ရင် ကောင်းအောင်နေ၊မကောင်းနိုင်ရင် ကင်းအောင်နေ၊မကင်းနိုင်ပဲ မကောင်းမပြောနဲ့လိုမှ လာလာလှမ်းတဲ့ လက်ကလေးတွေနော် မှတ်ထားတယ် သူငယ်ချင်းတို့ ….စကားကမပြောတတ်တာမဟုတ်ဘူး။ပြောတတ်တာလွန်နေတာ..”ဆိုတဲ့စာလေးနဲ့ သူမအပေါ်မကောင်းပြောဆိုနေတဲ့ သူငယ်ချင်းတချို့ကို သတိပေးစကားပြောကြားခဲ့တာပါ။
အမြဲအေးဆေးနေ တတ်တဲ့ စံရတီမိုးမြင့်ရဲ့ ထိမိလှတဲ့ သတိပေးစာလေး ကို ပရိသတ်တွေက သဘောကျလျက် လူပေါင်းရာချီပြီးshareတွေပြုလုပ်ခဲ့ကြတာပါ။ပရိသတ်တွေကော သဲရဲ့ စာလေးက လိုမှပေါင်းချင်တဲ့သူငယ်ချင်းတွေကို ပြောချင်တဲ့စာသားနဲ့ထပ်တူကျကြတယ်ဆိုရင်တစ်ခုခုမှတ်ချက်ပေးခဲ့ကြပါဦးနော်။
Credit- CeleGabar
Source- SanYatiMoeMyint