Credit-CeleGabar
Soure – MyoSandy Kyaw
မရောင်းတတ် မဝယ်တတ်သေးပေမယ့် သူမရဲ့လက်ဝတ်ရတနာlive saleမှာ သိန်းရာချီရောင်းရလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ မျိုးစန္ဒီကျော်
ပရိသတ်ကြီးရေ မျိုးစန္ဒီကျော် ကတော့ တစ်ခေတ်တစ်ခါပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အခုချိန်မှာ သမီးလေးကို တာဝန်ယူကာ ပျော်ရွှင်စရာအိမ်ထောင်သစ် တစ်ခုကို တည်ထောင်ကာ အေးချမ်းစွ ာဖြတ်သန်းနေတာပါ။ အလှူတွေရရင်ရ သလိုပြုလုပ်နေပြီး Live saleလေးစတင်ရောင်းချလျက်ရှိတာပါ။
သူမရဲ့ပထမဆုံးlive saleနဲ ့ပတ်သက်ပြီး”မနေ့ညက ဂျိုး ရဲ့ ပထမဆုံး Live Sales မှာ အရောင်း ပြီး တဲ့ ပိတ်တဲ့ အထိ သိန်းသုံးရာကျော်ဖိုး အထိ ရောင်းရတဲ့အပြင် အခုချိန်ထိ orderတွေ တက်နေဆဲဖြစ်ကြောင်းကို ညီမလေး ခိုင်ထက်ကျော်က ဝမ်းသာစရာ သီတင်းကို ပြောပြလာ တယ်။မနေ့ညက Liveမှာ အားပေး ဝန်းရံခဲ့တဲ့အစ်မတွေ ညီမတွေ မောင်တွေ အကိုတွေကိုလည်း ဒီသတင်း ဝမ်းသာရအောင်လို့ပြောပေးရပါတယ်။ အထူးသဖြင့် မရောင်းတတ် ဝယ်တတ်သေးတဲ့ဂျိုးကို စိတ်ရှည်လက်ရှည် နဲ့စောင့်ဆိုင်း ဝယ်ပေးသူ အယောက်တိုင်းကိုလည်း အထူးကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောချင်ပါတယ်ရှင် 🥰နောက်ထပ်ဂျိုး အထူးအထူး ကျေးဇူးတင်ချင်တာက အခု Liveအတွက် အစစအရာရာ စီစဉ်ညွန်းပေးခဲ့တဲ့ ဂျိုးရဲ့ ညီမလေး ခိုင်ထက်ကျော်နဲ့ မိသားစု ဝင်အားလုံးကို ကျေးဇူးအရမ်းတင်မိပါတယ် 😍
Liveတွေကို ဂရုတွေ သိရအောင် ကိုယ့်စရိတ် ကိုယ်စိုက်ပြီး ဂရုပေါင်းများစွာ မှာ ရှယ်ပေးခဲ့ကြတဲ့ ဂျိုးကို ချစ်တဲ့သူတော်ကောင်း အပေါင်း ကိုလည်း ကျေးဇူးမမေ့ပါရှင်။နောက် Live တိုငိးမှာလည်း အခုလို ဆက်လက်စောင့်ရှောက် ပေးပါလို့ မှာပါစေနော် 🥰ပြီးတော့အခုလာမယ့် 11.6.2022စနေနေ့မှာ အားလုံးပြန်ဆုံ ချင်ပါတယ် ။ ပြတဲ့ အထည်တိုင်း ကြိုက်အောင်ပြပေးပြီး မေးရုံနဲ့ ဝယ်ရတဲ့အထိ ရောင်းနိုင်အောင် ဂျိုးဘက်က အစွမ်းကုန် ရောင်းနိုင်အောင် ကြိုးစား ရောင်းမယ်လို့ ကတိပေးပရစေ။နောက်Liveမှာလည်း အခုဝယ်သူအဟောင်းအပြင် နောက်ဝယ်မယ့် မိတ်သစ်တွေလည်းခေါ် လာစေချင်ပါတယ်။အားလုံးအာလုံး ကံစမ်းမဲ ပေါင်းများစွာဖောက်ရင်း ဝယ်ယူသူတိုင်းအတွက် ထပ်ဆင့်အထူးကံစမ်းမဲလက်ဝတ်ရတနာများကို ကံထူးရင်ခုန်ရင်း ပြန်တွေ့ရအောင်ပါရှင်”ဆိုကာ ကျေးဇူးတင်စကားဆိုလာခဲ့တာပါ။ပရိသတ်တွေလည်း မျိုးစန္ဒီကျော်ရဲ့live saleလေးတွေကိုအားပေးဝန်းရံကြဖို့ဖော်ပြပေးလိုက်ပါတယ်နော်။
Credit-CeleGabar
Soure – MyoSandy Kyaw