Source: MKB Online’s fb
ကလေးလေးတစ်ယောက်လို စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နေတဲ့ မေကဗျာကို ဗီဒီယိုလေးရိုက်ကာဆေးထိုးပြီး နာမည်လှလှလေးပေးလိုက်တဲ့ ဟန်ဇာမိုးဝင်း
သရုပ်ဆောင် မေကဗျာနဲ့ ဟန်ဇာမိုးဝင်းတို့ ကတော့ သက်တူရွယ်တူတွေ သူငယ်ချင်းတွေဖြစ်သလို အနုပညာ နယ်ပယ်ထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့ကြတဲ့ အနုပညာမောင်နှမတွေလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မေကဗျာရော ဟန်ဇာမိုးဝင်းတို့က အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေပြီး Online ကနေ အဝတ်အထည်တွေရောင်းချပေးနေတာပဲဖြစ်ပါတယ်။
အလုပ်တွေအတူတူလုပ်ရင်း အားလပ်ချိန်တွေမှာလည်း ပျော်ရွှင်စွာနေတတ်တဲ့ မေကဗျာနဲ့ ဟန်ဇာမိုးဝင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဗီဒီယိုလေးတွေရိုက်ပြီး ဆေးထိုးတတ်တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဟန်ဇာမိုးဝင်းက ဂစ်တာကိုင်ပြီး ဟန်လုပ်နေတဲ့ မေကဗျာကို ဗီဒီယိုလေးရိုက်ပြီး ” Rock ဘုရင်မကြီး ချစ်စမ်းမေ” ဆိုပြီး စနောက်ခဲ့တာကို တွေ့ရပါတယ်။
မေကဗျာနဲ့ ဟန်ဇာမိုးဝင်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းစနောက်ကျီစယ်လေ့ရှိတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
Source: MKB Online’s fb
Credit;Cele Active World