ဓာတ်ပုံလေးတစ်ပုံကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတယားယားနဲ့သ၀န်တိုခြင်းကို ခံနေရတဲ့ ပိုင်တံခွန်နဲ့မေတိုးခိုင်
ဓာတ်ပုံလေးတစ်ပုံကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတယားယားနဲ့သဝန်တိုခြင်းကို ခံနေရတဲ့ ပိုင်တံခွန်နဲ့မေတိုးခိ်ုင်
သရုပ်ဆောင် ပိုင်တံခွန် ကတော့ ရုပ်ရည်ချောမောရုံ သာမကပဲ စိတ်ထားလေးလည်း နူးညံ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ကိုချစ်ခင်စွာ အားပေးကြတဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားတာကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံကပရိသတ်တွေကပါ ပြောစမှတ်တွင်နေရတာပဲဖြစ်ပါတယ်။
အနုပညာ အလုပ်တွေ လုပ်ကိုင်နေတဲ့ မင်းသား တစ်ယောက်ပီပီ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်လေ့ရှိတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာလည်း ဓာတ်ပုံပိုစတာတစ်ခုကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သဝန်တိုခြင်းခံနေရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်က မေတိုးခိုင်နဲ့အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံပိုစတာမှာ နှုတ်ခမ်းချင်းထိပြီးနမ်းနေတဲ့ပုံကြောင့် ပရိသတ်တွေသဝန်တိုခံနေရတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ ကတော့ ဇာတ်လမ်း လိုအပ်ချက်အရ သရုပ်ဆောင်ခဲ့ပေမယ့် သူတို့ရဲ့ ပရိသတ် အသီးသီးကတော့ သဝန်တိုနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ ပုံရိပ်လေးကိုကြည့်ပြီး အသည်းတယားယားဖြစ်နေကြမယ်ထင်ပါတယ်နော်။
Source: Snow.portfolio’s fb
Credit:Cele Active World