
Posted on





Source -Kan Pwint
Credit – CeleGabar

မကြေးစည်ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်ဘုရားမှာ ပီတိဖြစ်စရာကောင်းလှတဲ့ အလှူကြီးတစ်ခုကို ပြုလုပ်ခဲ့တဲ့ လူရွှင်တော် ကံပွင့်

ပရိသတ်ကြီးရေ ကံပွင့်ကတော့ လူရွှင်တော် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ် အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြဟ်ပါတယ်။ ကံပွင့် ကတော့ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ မကြေးစည်ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ကံပွင့်က မုန့်ဟင်းခါး အချိန်(၁၀၀)တိတိကို စတုဒီသာအလှူ အဖြစ် အဟာရဒါနစတုဒီသာ အလှူကြီးပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ စတုဒီသာ အလှူကိုတော့ ပြီးခဲ့တဲ့ ဇွန်လ(၃)ရက်နေ့တာပြုလုပ်ခဲ့တာဖြစ်ပြီး ကံပွင့်က မကြေးစည်ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်ဘုရားမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကံပွင့် ကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေလည်း သူ့အလှူလေးကို ကြည့်ပြီးပီတိတွေဖြစ်စေဖို့ရည်ရွယ်ကာ ဒီနေ့မှာ အလှူမှတ်တမ်းပုံရိပ်လေးတွေကို မျှဝေထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ကံပွင့်ရဲ့ မွန်မြတ်လှတဲ့ အလှူကြီးရဲ့ မှတ်တမ်းပုံရိပ်တွေကို ပီတိဖြစ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source -Kan Pwint
Credit – CeleGabar