Source: Jelly Jelly’s fb
သူမကို အိမ်ထောင်ကျဖူးလို့ အတိအကျပြောနေတဲ့အပေါ် ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေရှင်းလာတဲ့ နေဒွေးရဲ့လက်ရှိရည်းစား Jelly
နေဒွေးရဲ့ အရင်က ရည်းစားဟောင်း Htang Ra နဲ့ လက်ရှိရည်းစားဖြစ်တဲ့ ဇာဖြူဝင်းတို့ ကတော့ တစ်ယောက်ကို တစ်ယောက် ငယ်ကျိုးငယ်နာတွေဖော်ရင်း ပြဿနာတွေတက်နေကြတာ ပဲဖြစ်ပါတယ်။ ထိုပြဿနာတွေနဲ့ ဆက်စပ်ပြီး နေဒေွးရဲ့ လက်ရှိချစ်သူ ဇာဖြူဝင်းက သူမရဲ့ အရင်အကောင့်ကိုကြည့်ရုံနဲ့ အိမ်ထောင်ကျဖူးပြီး ကလေးပါရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အခုလိုပဲဖြေရှင်းလာခဲ့ပါတယ်။
“အောက်တန်းကျတာ လူပိုသိသွား တာပေါ့။ ကလေးဘဝတုန်းက အကောင့်လေ ဘာဖြစ်လဲ.. ဘဲရောလူတိုင်းမထားဖူးလို့လား.. 2015 ကတော့ဟယ် လူတိုင်းရုပ်ဆိုးနေမှာပဲ ကိုယ့်ရုပ်ကိုတောင် အရင်ကြည့်ကြဦး။ Married တင်ထားတာလည်း အဲ့အချိန်တုန်းက လူတိုင်း RS ချိတ် Married တင် ကလေးအတွေးလေဟယ်.. ငါ့တူလေးနဲ့ရိုက်ထားတဲ့ပုံကိုလည်း ငါ့ကလေးတဲ့.. တိုက်ခိုက်စရာဒါအကုန်ပဲလား ” လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။
နေဒွေးရဲ့ အရင် ရည်စားဟောင်းနဲ့ လက်ရှိရည်းစား တို့က ပြဿနာတွေတက်နေကြပေမယ့် နေဒွေးဘက် ကတော့ ဘာကိုမှဖြေရှင်းခြင်း မရှိသေးတာကို တွေ့ရပါတယ်။ နေဒွေးတို့ရဲ့ ပြဿနာကတော့ ဘယ်သူမှန်လဲ ဘယ်သူမှားလဲ ဆိုတာ ကာယကံရှင်တွေသာအသိဆုံးဖြစ်မှာပါပဲ။
Source: Jelly Jelly’s fb
Credit:Cele Active World