Credit
ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ရတနာလေးဖြစ်သလို ရင်သပ်ရှုမောစရာလှရက်သူလေး မိကွန်ထောရဲ့ပုံရိပ်များ
” နံနက်ခင်းအလင်းရဲ့ ပန်းလေးထက် ကို ပိုမွေးတာ ချစ်သမီးလေး ရဲ့ ပါးနုနုလေး လေးပြင်မှာ၊ ငှက်ကလေးများ ရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ …” ဆိုတဲ့သီချင်းလေးကြားတိုင်း ဦးငှက်ရဲ့ သမီးလေးကို မြင်ယောင်မိကြမှာပါ။
သူဖန်တီး သီဆိုခဲ့တဲ့ သီချင်းကောင်းတွေ အများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက် သီဆိုခဲ့တဲ့ ” တုနှိုင်းမဲ့ ရတနာ ” ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေ ကို မီးမောင်းထိုးပြနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ် ။
လူ့လောကကြီးကနေ ထွက်ခွာ သွားတာ နှစ်တွေ အကြာကြီး ကြာခဲ့ပြီ ဆိုပေမဲ့လည်း ဖခင်မေတ္တာကို ငတ်မွတ်သွားရတဲ့ သမီးလေး တစ်ယောက်ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတမှုတွေက တော့ ဝင်ခံစားကြည့်လို့ ရမှာပါ။ ဒီတစ်ခါမှာဆိုရင်တော့ တစ်နေ့တခြားအပျိုလေး တစ်ယောက်အဖြစ် လှလာတဲ့ ထူးအိမ်သင်ရဲ့တုနှိုင်းမဲ့ရတနာလေး မိကွန်ထောရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။
Credit