
Posted on





Source – Khine Hnin Wai
Credit – CeleGabar

တစ်ယောက်ထဲစကားတွေပြောပြီး အလုပ်ရှုပ်နေတဲ့ သားလေးအာကြီးကို ကြည့်ကာသဘောတွေကျနေတဲ့ မေမေခိုင်နှင်းဝေရဲ့ဗီဒီယိုလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ဂေဟာက ကလေးတွေ ထဲက အာကြီးကိုတော့ ပရိသတ်တွေကို အထူးတလည် မိတ်ဆတ်ပေးစရာတောင်လိုမယ် မထင်ပါဘူးနော်။ သနားစရာကောင်း လှတဲ့ သူံဘဝလေးနဲ့ လည်လွန်း တတ်လွန်းလှတဲ့ သူ့ရဲ့ အကျင့်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့သူပါ။

အာကြီးကတော့ ခိုင်နှင်းဝေရဲ့ ဆီကို စရောက်ခါစ ကတည်းက အချစ်ပိုရလောက်အောင်ကို လည်လွန်းတတ်လွန်းလှပြီး အခုလို တစ်နေတစ်ခြားအရွယ်ရောက်လာချိန်မှာတော့ ပိုလို့တောင် အသိဉာဏ်တွေ တိုးပြီး လည်တတ်နေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက တစ်ယောက်တည်း စကားတွေပြောခေါင်းတွေငြိမ့် လက်တွေပြနေတဲ့ အာကြီးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။

ဗီဒီယိုလေးနဲ့ အတူလည်း သားအာကြီးရဲ့ ချစ်ဖို့ကောင်းနေပုံကို သူကိုယ်တိုင် သဘောကျနေခဲ့ပြီး “ဘယ်သူမှ မရှိတဲ့ ဝရံတာကို ကြည့် ကြည့် ပြီး စကားတွေ ပြောလိုက် ခေါင်းတွေ ငြိမ့်လိုက် လက်တွေပြလိုက်” ဆိုပြီး ရေးသားမျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အာကြီးကတော့ အမိုက်စားခေါင်းစွပ်ကိုရော သဘောကျကြရဲ့လား။

Source – Khine Hnin Wai
Credit – CeleGabar