Source: Nay Yee Win Lai – နေရည်ဝင်းလဲ့’s fb
Credit:Cele Active World
ဗီလိန်ကာရိုက်တာကို ရိုက်ရတာမလွယ်တဲ့နောက်ကွယ်က အကြောင်းအရင်းမှန်ကို ပရိသတ်ကြီးအားဖွင့်ချပြလာတဲ့ နေရည်ဝင်းလဲ့
“ကျွန်တော်အမုန်းဆုံ းကျွန်တော်” ဆိုတဲ့ ဇာတ်လမ်းတွဲ ကနေ လူသိများလာ ခဲ့တဲ့ သရုပ်ဆောင် နေရည်ဝင်းလဲ့ ကို ပရိသတ်ကြီး အားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်နော်။ နေရည်ဝင်းလဲ့ဟာ လက်ရှိထုတ်လွှင့် ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သူမရဲ့ဇာတ်ရုအ်အသစ်ကို ပြသနိုင် ခဲ့တာပဲဖြစ်ပါတယ်။ “သရဖူ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွား ချိန်မှာတော့ နေရည်ဝင်းလဲ့က သူမအနေနဲ့ ဒေဝီထွန်းကျော်ဆိုတဲ့ ဇာတ်ကောင်ကိုသရုပ်ဆောင်ဖို့ ကြောက်လည်းကြောက်ခဲ့ရတယ်လို့ အခုလိုပဲပြောလာပါတယ်။
“အမှတ်တရများစွာနဲ့ သရဖူကားကြီး ကတော့ ပြီးဆုံးသွားပါပြီရှင့် ..🥰 ပထမဦးစွာ ဒေဝီထွန်းကျော် ဆိုတဲ့ ကာရိုက်တာကို ရွေးချယ်ပေး ပါသော Forever Group မှ တာဝန်ရှိလူကြီးမင်းများနှင့် Talent management center ကိုကျေးဇူးအများကြီးတင်ပါတယ် ..ရိုက်ကူးရေးတလျောက်လုံး ပင်ပင်ပန်းပန်းရိုက်ကူးပေးပါသော ရိုက်ကူးရေးအဖွဲ့သားများ အားလုံးကို လဲ အထူးကျေးဇူးတင်ရှိပါတယ်နော်..🙏🙏”
“ပထမဆုံး ဗီလိန်ကာရိုက်တာကို ရိုက်ခဲ့ရတာ တာဝန်လဲ ကြီးသလို ကြောက်လဲကြောက် ခဲ့ပါတယ် ..ဗီလိန်ကာရိုက်တာရိုက်တာတောင် ချစ်ပေးကြတဲ့ ချစ်သော အမျိုးများ ချစ်မဝများအားလုံးကိုလဲ ကျေးဇူးတင်ရှိပါတယ်ရှင့် ..🥰😍လိုအပ်ချက်များရှိခဲ့ရင်လဲ ဒီနေရာကနေ အနူးအညွန့်တောင်းပန်ပါတယ်နော် နေရည်ပိုကြိုးစားပါ့မယ်ရှင့်..😘🙏 သဲဖြူလေးကိုလဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်..🥰😍” ဆိုပြီး “သရဖူ” ရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲပြောလာပါတယ်။
နေရည်ဝင်းလဲ့ ကတော့ “သရဖူ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားပေမယ့် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်မှာ သဲဖြူဆိုတဲ့ ဇာတ်ကောင်လေးကိုသရုပ်ဆောင်ထားတာမို့ ပရိသတ်တွေက ဆက်လက်ပြီးအားပေးပေးကြပါဦးနော်။
Source: Nay Yee Win Lai – နရေညျဝငျးလဲ့’s fb
Credit:Cele Active World