သူမရဲ့Live Sale မှာသိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကိုဝယ်ယူအားပေးသွားတဲ့ မေပန်းချီကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ ရတနာမိုင်
ရခိုင်တိုင်းရင်းသူလေး အဆိုတော် ရတနာမိုင် ကတော့ သူမရဲ့မိခင်ဆီက ဂီတအမွေတွေကို ဆက်ခံထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာမိုင်ကတော့ သူမရဲ့ သာယာချိုကြည်တဲ့ အသံလေးနဲ့ သီချင်းတွေများစွာကို သီဆိုခဲ့ပြီး ဂီတလောကမှာ ဆယ်စုနှစ်တစ်စု ကျော်တိုင် အောင်မြင်နေဆဲ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာမိုင်ကတော့ အသက်သုံးဆယ်ကျော် အရွယ်အထိ အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
သီချင်းသစ်တွေလည်း ထုတ်လုပ်နေသလို Online Live Sale တွေလည်း ရောင်းချပေးနေတဲ့ ရတနာမိုင်ဟာ ဒီကနေ ့မှာလည်း သူမရဲ့ Live Sale မှာ သိန်း (၇၀) ဖိုး အားပေးသွားတဲ့ မေပန်းချီ အကြောင် းကို အခုလိုပဲပြောလာပါတယ်။ “ချစ်ညီမလေး မေပန်းချီလေးက မိုင်လေးလွှင့်တဲ့ ပထမ ပျက်သွားတဲ့ Live sale ထဲမှာ ရွှေပင်လယ်ဦး စိန်ရွှေရတနာဆိုင် Live sale ကနေ ကိုယ့်အမ(မိုင်လေး)ကိုချစ်လို့ဆိုပြီး ၃၅ သိန်းတန် နားကပ် ၂ ရံ စုစုပေါင်း သိန်း ၇၀ ကျော်ဖိုးအားပေးသွားတဲ့ချစ်ညီမလေး မေပန်းချီကိုကျေးဇူး အများကြီးတင်ပါတယ် စိတ်ထားကောင်းတဲ့ မီးလေးအောင်မြင်မှုထိပ်ဆုံးမှာအမြဲတမ်းတည်ရှိပါစေ 🙏❤️🥰ဒီနေ့ဝယ်ယူအားပေးကြတဲ့ကျေးဇူးရှင်များ အားလုံးကိုလဲကျေးဇူး အများကြီးတင်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
ရတနာမိုင်ကတော့ သူမကိုချစ်တဲ့စိတ်နဲ့ သိန်း (၇၀) ကျော်ဖိုး လက်ဝတ်လက်စားတွေ ဝယ်ယူအားပေး သွားတဲ့ မေပန်းချီအကြောင်းကို ပြောပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ အနုပညာညီအစ်မနှစ်ယောက်ရဲ့ချစ်ခင်မှုကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။
Source: Yadanar My (ရတနာမိုင်)’s fb
Credit:Cele Active World