မၾကာခင္က႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတိုေလးထဲမွာ ပါ၀င္ခဲ့တဲ့မင္းသားအသစ္ကေလးနဲ႕ ပရိသတ္ႀကီးအားမိတ္ဆက္ေပးလိုက္တဲ့ ပိုင္ၿဖိဳးသု

Posted on

မၾကာခင္က႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတိုေလးထဲမွာ ပါ၀င္ခဲ့တဲ့မင္းသားအသစ္ကေလးနဲ႕ ပရိသတ္ႀကီးအားမိတ္ဆက္ေပးလိုက္တဲ့ ပိုင္ၿဖိဳးသု

တစ္ႏိုင္ငံလုံးက ပရိသတ္ေတြ ခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသု ကေတာ့ ႏုႏုနယ္နယ္ေနရမယ့္ မင္းသမီ းတစ္လက္ျဖစ္ေပမယ့္ ျပည္သူ႔ရဲေဘာ္ေတြနဲ႔အတူတူ လြတ္ေျမာက္နယ္ေျမမွာ ေထိုင္ရင္း ျမန္မာ့ႏိုင္ငံေရးကို ထဲထဲဝင္ဝင္ ေဆာင္႐ြက္ေပးေနသူ တစ္ေယာက္ပါပဲ။ ေတာ္လွန္ေရးအတြက္ ကိုယ္တတ္ကြၽမ္းတဲ့ လက္မႈပညာနဲ႔ ရံပုံေငြရွာေဖြေပးေနတဲ့ ပိုင္ၿဖိဳးသုဟာ သူမရဲ႕ခင္ပြန္းဒါ႐ိုက္တာဏႀကီး ႐ိုက္ကူးတဲ့ ေတာ္လွန္ေရးဇာတ္လမ္းတိုေလးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ရင္း အားျဖည့္ေပးခဲ့ပါေသးတယ္။

ဒီကေန႔မွာေတာ့ ပိုင္ၿဖိဳးသုက “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုမွာ ေဒါင္းနဲ႔သူမ အျပင္ အျခားပါဝင္တဲ့ အေရးႀကီးသ႐ုပ္ေဆာင္ တစ္ေယာက္ကို ျပသလာပါတယ္။ ပိုင္ၿဖိဳးသုက “”ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းမွာ ဦးဦးေဒါင္း တီတီသုသုတို႔နဲ႔အတူ သားသား”လာေတး”လည္းပါဝင္သ႐ုပ္ေဆာင္ထားပါတယ္ခင္ဗ် 😇” ဆိုျပီး ဇာတ္လမ္းထဲမွာ ေဒါင္းေပးတဲ့ေခြးေလးကို ျပသလာခဲ့ပါတယ္။

ပိုင္ျဖိဳးသု ကေတာ့ အရင္ကတည္းက ေခြးေလးေတြကုိ ခ်စ္တတ္သူ တစ္ေယာက္ျဖစ္ျပီး အခုအိမ္နဲ့အေဝးတစ္ေနရာကို ေရာက္ရိွေနခ်ိန္မွာလည္း အနားမွာရွိတဲ့ တိရစၦာန္ေလးေတြကိုအေဖာ္ျပဳေနရ တာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းသားေခ်ာ လာေတးေလးကိုၾကည့္ျပီး အသည္းယားေနၾကမယ္ထင္ပါတယ္ေနာ္။

Source: Paing Phyoe Thu’s fb
Credit:Cele Active World

မကြာခင်ကရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုလေးထဲမှာ ပါဝင်ခဲ့တဲ့မင်းသားအသစ်ကလေးနဲ့ ပရိသတ်ကြီးအားမိတ်ဆက်ပေးလိုက်တဲ့ ပိုင်ဖြိုးသု

တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသု ကတော့ နုနုနယ်နယ်နေရမယ့် မင်းသမီ းတစ်လက်ဖြစ်ပေမယ့် ပြည်သူ့ရဲဘော်တွေနဲ့အတူတူ လွတ်မြောက်နယ်မြေမှာ ထေိုင်ရင်း မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေသူ တစ်ယောက်ပါပဲ။ တော်လှန်ရေးအတွက် ကိုယ်တတ်ကျွမ်းတဲ့ လက်မှုပညာနဲ့ ရံပုံငွေရှာဖွေပေးနေတဲ့ ပိုင်ဖြိုးသုဟာ သူမရဲ့ခင်ပွန်းဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ တော်လှန်ရေးဇာတ်လမ်းတိုလေးမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အားဖြည့်ပေးခဲ့ပါသေးတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုမှာ ဒေါင်းနဲ့သူမ အပြင် အခြားပါဝင်တဲ့ အရေးကြီးသရုပ်ဆောင် တစ်ယောက်ကို ပြသလာပါတယ်။ ပိုင်ဖြိုးသုက “”နိုင်ငံပျောက်သူ” ဇာတ်လမ်းမှာ ဦးဦးဒေါင်း တီတီသုသုတို့နဲ့အတူ သားသား”လာတေး”လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ခင်ဗျ 😇” ဆိုပြီး ဇာတ်လမ်းထဲမှာ ဒေါင်းပေးတဲ့ခွေးလေးကို ပြသလာခဲ့ပါတယ်။

ပိုင်ဖြိုးသု ကတော့ အရင်ကတည်းက ခွေးလေးတွေကို ချစ်တတ်သူ တစ်ယောက်ဖြစ်ပြီး အခုအိမ်နဲ့အဝေးတစ်နေရာကို ရောက်ရှိနေချိန်မှာလည်း အနားမှာရှိတဲ့ တိရစ္ဆာန်လေးတွေကိုအဖော်ပြုနေရ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားချော လာတေးလေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။

Source: Paing Phyoe Thu’s fb
Credit:Cele Active World