Source: Wai Lu ‘s fb
သူမရဲ့အနုပညာကြေးလေးနဲ့ လူတစ်ယောက်ရဲ့လစ်လပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးခဲ့တဲ့ ဝေလာရီ
ချစ်စရာ ကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးလေး ဝေလာရီက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီက အဆိုတော် လိမ္မော်သီးရဲ့ ညီမအရင်းဖြစ်ပြီး လိမ္မော်သီးနဲ့ အတူတူ သီချင်းတွေလည်း သီဆိုလေ့ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ အလုပ်တွေကိုကြိုးစားလုပ်ကိုင်တဲ့ ဝေလာရီဟာ သူမရရှိသမျှ အနုပညာကြေးတွေနဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်လေ့ရှိပြီး ဒီတစ်ခါမှာလည်း လူတစ်ယောက်ရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးခဲ့ပြန်ပါတယ်။
ဝေလာရီက အသီးအနှံမျိုးစုံရောင်းပြီး ဘဝကို ရိုးသားစွာရပ်တည်နေတဲ့ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးကို မျက်လုံးတုလေးလှူဒါန်းပေးပြီး ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဝေလာရီက သူမရဲ့အလှူလေးကို သရုပ်ဆောင်ဝေလုကနေတဆင့် လှူဒါန်းပေးခဲ့ပေမယ့် ကိုယ်တိုင်ဆေးခန်းထိလိုက်ပြီး အလှူလေးကိုယ်တိုင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
ဝေလာရီကတော့ လူတစ်ယောက် ရဲ့လစ်လပ်နေတဲ့ ကွက်လပ်လေး တစ်ခုကို ဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဝေလာရီလေး ဒီထက်မကအောင်မြင်ပြီး အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။
Source: Wai Lu ‘s fb
Credit:Cele Active World