ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ ျပည္သူ႕မင္းသားေလးပိုင္တံခြန္ရဲ႕ စြဲမက္စရာပံုေလးကို ဓာတ္ပံုေလး႐ိုက္ကာေဆးထိုးလိုက္တဲ့ အစ္မျဖစ္သူေမခ်စ္ေသြး
ပရိသတ္ႀကီးေရေမခ်စ္ေသြး ကေတာ့ နိုင္ငံေက်ာ္ျပည္သူခ်စ္ အႏုပညာရွင္ ပိုင္တံခြန္ရဲ့ အစ္မ အရင္းပဲ ျဖစ္ပါတယ္။ သူမအေနနဲ႔ အႏုပညာ ရပ္ဝန္းကေတာ္ေတာ္မ်ားမ်ားကအားကိုးရတဲ့ ဓာတ္ပုံပညာရွင္ ကင္မရာမန္း တစ္ေယာက္ျဖစ္ၿပီး ပိုင္တံခြန္ရဲ့ ပရိသတ္ႀကိဳက္ အလွပုံရိပ္ေတာ္ေတာ္ မ်ားမ်ားကို ေမခ်စ္ေသြးကိုယ္တိုင္ ရိုက္ကူးေပးထားခဲ့တာပဲ ျဖစ္ပါတယ္။
ေမခ်စ္ေသြး ကေတာ့ ပိုင္တံခြန္ရဲ့ ရႉတင္ပြဲတက္အကုန္လုံးကို လိုက္လံပါဝင္လ်က္ရွိသူပါ။ ဒီေန႔မွာေတာ့ ပိုင္တံခြန္ တစ္ေယာက္သူ႔ရဲ့ေခြးေလးေတြနဲ႔အတူဖက္ကာအိမ္ေမာက်ေနတဲ့အခ်ိန္ကိုအမိအရဓာတ္ပုံရိုက္ကူးကာ”မိုးေအးေအးေလးမွာ ေမ်ာက္ေလာင္း ၃ေကာင္အိပ္ေနပုံ🤌🏻”ဆိုကာ သူမရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာတင္ကာ ေဆးထိုးစေနာက္ခဲ့တာပါ။
ပရိသတ္ေတြကေတာ့ပိုင္တံခြန္ရဲ့ အိပ္ေမာက်ေနတဲ့ ပုံေလးကပင္ ခ်စ္စရာေကာင္းကာ ဆြဲေဆာင္မႈရွိေနေၾကာင္း မွတ္ခ်က္ေပးလ်က္ ရွိတာပါ။ အျမဲခ်စ္ခ်စ္ခင္ခင္နဲ႔စေနာက္တတ္တဲ့ ပိုင္တံခြန္နဲ႔ေမခ်စ္ေသြးတို႔ေမာင္ႏွမႏွစ္ေယာက္ ဆက္ဆံေရးကေတာ့တကယ့္ကိုခ်စ္စရာပါပဲပရိသတ္ႀကီးေရ။
Credit-CeleGabar
Soure – May ChitThway
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ပြည်သူ့မင်းသားလေးပိုင်တံခွန်ရဲ့ စွဲမက်စရာပုံလေးကို ဓာတ်ပုံလေးရိုက်ကာဆေးထိုးလိုက်တဲ့ အစ်မဖြစ်သူမေချစ်သွေး
ပရိသတ်ကြီးရေမေချစ်သွေး ကတော့ နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင် ပိုင်တံခွန်ရဲ့ အစ်မ အရင်းပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာ ရပ်ဝန်းကတော်တော်များများကအားကိုးရတဲ့ ဓာတ်ပုံပညာရှင် ကင်မရာမန်း တစ်ယောက်ဖြစ်ပြီး ပိုင်တံခွန်ရဲ့ ပရိသတ်ကြိုက် အလှပုံရိပ်တော်တော် များများကို မေချစ်သွေးကိုယ်တိုင် ရိုက်ကူးပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
မေချစ်သွေး ကတော့ ပိုင်တံခွန်ရဲ့ ရှူတင်ပွဲတက်အကုန်လုံးကို လိုက်လံပါဝင်လျက်ရှိသူပါ။ ဒီနေ့မှာတော့ ပိုင်တံခွန် တစ်ယောက်သူ့ရဲ့ခွေးလေးတွေနဲ့အတူဖက်ကာအိမ်မောကျနေတဲ့အချိန်ကိုအမိအရဓာတ်ပုံရိုက်ကူးကာ”မိုးအေးအေးလေးမှာ မျောက်လောင်း ၃ကောင်အိပ်နေပုံ🤌🏻”ဆိုကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ကာ ဆေးထိုးစနောက်ခဲ့တာပါ။
ပရိသတ်တွေကတော့ပိုင်တံခွန်ရဲ့ အိပ်မောကျနေတဲ့ ပုံလေးကပင် ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိနေကြောင်း မှတ်ချက်ေပးလျက် ရှိတာပါ။ အမြဲချစ်ချစ်ခင်ခင်နဲ့စနောက်တတ်တဲ့ ပိုင်တံခွန်နဲ့မေချစ်သွေးတို့မောင်နှမနှစ်ယောက် ဆက်ဆံရေးကတော့တကယ့်ကိုချစ်စရာပါပဲပရိသတ်ကြီးရေ။
Credit-CeleGabar
Soure – May ChitThway