
Posted on





Source: Nang Mwe San ‘s fb

ဒီနေ့မှာပဲ သူမချစ်ရတဲ့ ကျေးဇူးရှင်ဖခင်ကြီး အသက်ဆုံးရှုံးသွားပြီဖြစ်တဲ့အကြောင်း ဝမ်းနည်းစွာနဲ့ပရိသတ်ကြီးအားအသိပေးလာတဲ့ နန်းမွေစံ

ဆက်စီမော်ဒယ်လ် တစ်ဦးဖြစ်သူ နန်းမွေစံ ကတော့ ပြည်တွင် းပရိသတ်တွေ သာမက ပြည်ပက Fan တွေများစွာ ကိုလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ လူသိများတဲ့ ဆယ်လီမော်ဒယ်လ် တစ်ဦးဖြစ်တဲ့ နန်းမွေစံဟာ လွတ်လွတ်လပ်လပ်နေထိုင် တတ်တယ်ဆိုပေမယ့် မိသားစုကို အရမ်းချစ်ပြီး မိသားစုအပေါ်လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမွေစံဟာ သူမရဲ့ သတင်းဆိုးတစ်ခုကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။

နန်းမွေစံက “မွေစံ့ရဲ့ ကျေးဇူးရှင်ဖခင် Dr Sai San Win အသက် ၆၇ နှစ် ဒီနေ့ June လ တစ်ရက်နေ့ 2022 မှာ ဘဝတပါးသို့ကူးပြောင်းသွ ားပါပြီ 🥲🥲🥲 အဖေ့ကိုဆေးကုသပေးခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး Medical Unit 1 က ဆရာဝန်ဆရာမတွေ အားလုံးကိုလဲ အတတ်နိုင်ဆုံး ကုသပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🙏🏻” ဆိုပြီး ညှိုးငယ်စွာ အသိပေးလာခဲ့ တာပဲဖြစ်ပါတယ်။

နန်းမွေစံဟာ ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာ သူမရဲ့ ဖခင်ကျန်းမာရေး အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးသွားကုဖို့ ပြင်ဆင်နေစဉ် စကစက နိုင်ငံကူးလက်မှတ်သိမ်းဆည်းခြင်းခံ ခဲ့ရတာမို့ ဖခင်ကို ဘန်ကောက်မှာဆေးကုသခွင့် မပြုလုပ်လိုက်ရပဲ သူမရဲ့ဖခင်ကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Source: Nang Mwe San ‘s fb
Credit ; Cele Active World