ကြယ္လြန္သြားတဲ့ မိခင္ျဖစ္သူရဲ႕ဓာတ္ပံုေလးကို အျမတ္တႏိုးၾကည့္ရင္း ၀မ္းနည္းပူေဆြးေနတဲ့ အဆိုေတာ္မေလး မာသထူးဝါးရဲ႕ပံုရိပ္ေလး

Posted on

ကြယ္လြန္သြားတဲ့ မိခင္ျဖစ္သူရဲ႕ဓာတ္ပံုေလးကို အျမတ္တႏိုးၾကည့္ရင္း ၀မ္းနည္းပူေဆြးေနတဲ့ အဆိုေတာ္မေလး မာသထူးဝါးရဲ႕ပံုရိပ္ေလး

ဖိုးမူႀကီးလို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ကရင္ အဆိုေတာ္မေလး မာသထူးဝါး ကေတာ့ “အိမ္ေလးတစ္လုံး လိုခ်င္တယ္” သီခ်င္းနဲ႔ ပရိသတ္ ရင္ထဲ ေရာက္ရွိခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက အေဖကိုဆုံးရႈံး ထားရတဲ့ မာသထူးဝါးဟာ အခုတစ္ခါမွာလည္း သူမရဲ႕မိခင္ကို ဆုံးရႈံးလိုက္ရျပန္ၿပီပဲျဖစ္ပါတယ္။ မာသထူးဝါးရဲ႕ေမေမဟာ ၿပီးခဲ့တဲ့ (၂၉) ရက္ေန႔ကပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး မာသထူးဝါးတို႔ ေမာင္ႏွမသုံးေယာက္ကို စိတ္ခ်လက္ခ်ထားရစ္ခဲ့ၿပီပဲျဖစ္ပါတယ္။

မာသထူးဝါး ကေတာ့ အေဖလည္းမရွိ၊ အေမလည္းမရွိေတာ့တာမို႔ ေမာင္ေလးႏွစ္ေယာက္ အေပၚ အရင္ကထက္ပိုၿပီး တာဝန္ယူေစာင့္ေရွာက္သြား ရေတာ့မွာမို႔ မိခင္ျဖစ္သူရဲ႕နာေရးမွာလည္း ေမာင္ေလးေတြပိုၿပီး စိတ္မေကာင္းမျဖစ္ေစဖို႔ ခ်ဳပ္တည္းထားခဲ့တာကို ေတြ႕ရပါတယ္။ ပရိသတ္ႀကီးအတြက္ မာသထူးဝါးရဲ႕ လက္ရွိပုံရိပ္ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

မာသထူးဝါးရဲ႕ ေမေမ မမိုင္ (Naw Nee Thaw Taw) ဟာ ကြယ္လြန္ သြားခ်ိန္မွာ အသက္ (၄၁) ႏွစ္သာရွိေသးတာမို႔ သားသမီးေတြအားလုံးဟာ အ႐ြယ္မေရာက္ေသးပဲ က်န္ရစ္ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မာသထူးဝါးတို႔ ေမာင္ႏွမေတြရဲ႕ ပုံရိပ္ေလးေတြကိုၾကည့္ၿပီး စိတ္မေကာင္းဝမ္းနည္းျဖစ္ေနၾကမယ္ထင္ပါတယ္။

Source: martha htoowah’s fb
Credit:Cele Active World

ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူရဲ့ဓာတ်ပုံလေးကို အမြတ်တနိုးကြည့်ရင်း ဝမ်းနည်းပူဆွေးနေတဲ့ အဆိုတော်မလေး မာသထူးဝါးရဲ့ပုံရိပ်လေး

ဖိုးမူကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကရင် အဆိုတော်မလေး မာသထူးဝါး ကတော့ “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်းနဲ့ ပရိသတ် ရင်ထဲ ရောက်ရှိခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဖေကိုဆုံးရှုံး ထားရတဲ့ မာသထူးဝါးဟာ အခုတစ်ခါမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးလိုက်ရပြန်ပြီပဲဖြစ်ပါတယ်။ မာသထူးဝါးရဲ့မေမေဟာ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မာသထူးဝါးတို့ မောင်နှမသုံးယောက်ကို စိတ်ချလက်ချထားရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

မာသထူးဝါး ကတော့ အဖေလည်းမရှိ၊ အမေလည်းမရှိတော့တာမို့ မောင်လေးနှစ်ယောက် အပေါ် အရင်ကထက်ပိုပြီး တာဝန်ယူစောင့်ရှောက်သွား ရတော့မှာမို့ မိခင်ဖြစ်သူရဲ့နာရေးမှာလည်း မောင်လေးတွေပိုပြီး စိတ်မကောင်းမဖြစ်စေဖို့ ချုပ်တည်းထားခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မာသထူးဝါးရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

မာသထူးဝါးရဲ့ မေမေ မမိုင် (Naw Nee Thaw Taw) ဟာ ကွယ်လွန် သွားချိန်မှာ အသက် (၄၁) နှစ်သာရှိသေးတာမို့ သားသမီးတွေအားလုံးဟာ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးတို့ မောင်နှမတွေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်နေကြမယ်ထင်ပါတယ်။

Source: martha htoowah’s fb
Credit:Cele Active World