ပရိသတ္ႀကီးရဲ႕ရင္ထဲကို ထိမိလြန္းလို႕စတင္ျပသၿပီး (၁၂)နာရီအတြင္းမွာပဲ ၾကည့္ရႈသူတစ္သန္းျပည့္သြားခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးရဲ႕ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတို
ဒါ႐ိုက္တာဏႀကီး ကေတာ့ သူ႔ရဲ႕အႏုပညာသက္တမ္း တစ္ေလွ်ာက္ ေလးနက္တဲ့ အႏုပညာခံစားမႈေတြ ကိုသာ ခ်ျပခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါ႐ိုက္တာဏႀကီးဟာ လက္ရွိ စစ္အာဏာသိမ္းမႈျဖစ္စဥ္မွာလည္း သူ႔ရဲ႕ခံယူခ်က္ကို ရဲရဲဝံ့ဝံ့ျပသခဲ့ တာပဲျဖစ္ပါတယ္။ ႐ုပ္ရွင္႐ိုက္တဲ့ဒါ႐ိုက္တာ တစ္ေယာက္ပီပီ ေတာ္လွန္ေရးမွာလည္း ႐ုပ္ရွင္႐ိုက္ျခင္းနဲ႔ပဲ အားျဖည့္ေပးခဲ့တဲ့ ဒါ႐ိုက္တာဏႀကီးဟာ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုကို ႐ိုက္ကူးၿပီး ထို႐ုပ္ရွင္ကရရွိတဲ့ေငြေတြကို ေတာ္လွန္ေရးအတြက္ လႉဒါန္းေပးမွာပဲျဖစ္ပါတယ္။
ဒါ႐ိုက္တာဏႀကီးရဲ႕ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတို ကေတာ့ စတင္ျပသၿပီး (၁၂) နာရီအတြင္းမွာပဲ ၾကည့္ရႈသူ တစ္သန္းတိတိျပည့္ခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါ႐ိုက္တာဏႀကီးကေတာ့ ေတာ္လွန္ေရးအတြက္ သူတတ္ကြၽမ္းတဲ့ အႏုပညာ ဖန္တီးမႈအေပၚ တစ္ခဲနက္အားေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါေသးတယ္။
“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းကေတာ့ မိနစ္ပိုင္းေလာက္သာ ရိွတဲ့ ဇာတ္လမ္းတိုေလး ဆိုေပမယ့္ ေဒါင္း၊ ပိုင္ျဖိဳးသုတို့ရဲ့ ထိမိတဲ့သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ေရာ ဒါရိုက္တာ ဏၾကီးရဲ့ ေကာင္းမြန္ျပည့္စံုတဲ့ ဇာတ္ညႊန္းနဲ့ ရိုက္ခ်က္တို့ေၾကာင့္ေ၇ာ အခုေလာက္ထိ ပရိသတ္ရင္ထဲ ေရာက္ရိွခဲ့တာပဲျဖစ္ပါတယ္။
Source: Na Gyi’s fb
Credit:Cele Active World
ပရိသတ်ကြီးရဲ့ရင်ထဲကို ထိမိလွန်းလို့စတင်ပြသပြီး (၁၂)နာရီအတွင်းမှာပဲ ကြည့်ရှုသူတစ်သန်းပြည့်သွားခဲ့တဲ့ ဒါရိုက်တာဏကြီးရဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတို
ဒါရိုက်တာဏကြီး ကတော့ သူ့ရဲ့အနုပညာသက်တမ်း တစ်လျှောက် လေးနက်တဲ့ အနုပညာခံစားမှုတွေ ကိုသာ ချပြခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာဏကြီးဟာ လက်ရှိ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း သူ့ရဲ့ခံယူချက်ကို ရဲရဲဝံ့ဝံ့ပြသခဲ့ တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်တဲ့ဒါရိုက်တာ တစ်ယောက်ပီပီ တော်လှန်ရေးမှာလည်း ရုပ်ရှင်ရိုက်ခြင်းနဲ့ပဲ အားဖြည့်ပေးခဲ့တဲ့ ဒါရိုက်တာဏကြီးဟာ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို ရိုက်ကူးပြီး ထိုရုပ်ရှင်ကရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် လှူဒါန်းပေးမှာပဲဖြစ်ပါတယ်။
ဒါရိုက်တာဏကြီးရဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတို ကတော့ စတင်ပြသပြီး (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းတိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာဏကြီးကတော့ တော်လှန်ရေးအတွက် သူတတ်ကျွမ်းတဲ့ အနုပညာ ဖန်တီးမှုအပေါ် တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။
“နိုင်ငံပျောက်သူ” ဇာတ်လမ်းကတော့ မိနစ်ပိုင်းလောက်သာ ရှိတဲ့ ဇာတ်လမ်းတိုလေး ဆိုပေမယ့် ဒေါင်း၊ ပိုင်ဖြိုးသုတို့ရဲ့ ထိမိတဲ့သရုပ်ဆောင်ချက်တွေကြောင့်ရော ဒါရိုက်တာ ဏကြီးရဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ချက်တို့ကြောင့်ရော အခုလောက်ထိ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။
Source: Na Gyi’s fb
Credit:Cele Active World