ဖြိုးကျော်ကျော်မြတ် ကတော့ မျိုးစန္ဒီကျော်နဲ့ အဆင်မပြေမှုတွေရှိလို့ ကွာရှင်းခဲ့တယ်ဆိုပေမယ့် သမီးလေးအပေါ်မှာတော့ သူ့ရဲ့ဖခင်မေတ္တာကို အပြည့်အဝပေးထားနိုင်သူဖြစ်ပြီး သမီးလေးလိုအပ်တာမှန်သမျှကိုလည်း ဖြည့်ဆည်းပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
သမီးလေးနဲ့ပတ်သက်ပြီးဖခင်တာဝန်မကျေဘူးလို့ လာပြောသူကိုပညာသားပါပါနဲ့ ပြင်းထန်စွာတုံ့ပြန်လိုက်တဲ့ မျိုးစန္ဒီကျော်ရဲ့ခင်ပွန်းဟောင်း ဖြိုးကျော်ကျော်မြတ်
သရုပ်ဆောင် မျိုးစန္ဒီကျော် ကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း သူမရဲ့ပထမ အိမ်ထောင် ဖြိုးကျော်ကျော်မြတ်နဲ့ (၂၀၁၉) ခုနှစ်က တရားဝင် ကွာရှင်းခဲ့ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ဟာ သမီးလေးကို တစ်ယောက်တစ်လှည့်စီစောင့်ရှောက်ရင်း ကိုယ့်ဘဝကိုယ်ဖြတ်သန်းနေကြပေမယ့် တချို့သောသူစိမ်းတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရစမြဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မျိုးစန္ဒီကျော်ဟာ သူမရဲ့ချစ်သူသစ်အကြောင်းပြောထားတဲ့ အင်တာဗျူးဗီဒီယိုအောက်မှာ “အိမ်ထောင်ဦးစီးတာဝန်ရော အဖေတာဝန်ပါ မကျေတဲ့သူပါ” လို့ရေးသားထားတာကြောင့် ဖြိုးကျော်ကျော်မြတ်က အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။
“အခုဟာက ကာယကံရှင်တွေ ကိစ္စဝိစ္စတွေ ပြီးပြတ်လို့ ကိုယ့်လမ်း ကိုယ်လျှောက် သူ့လမ်းသူလျှောက် လျှောက်နေကြပြီ။ ဘေးက အားနေဘုမသိဘမသိ #ပလိန်းရိုင်း တွေက ခုထိကိုမပြီးသေး။ ကိုယ်က တကူးတကကို လိုက်မကြည့်ဖြစ်တာ သူများပြောမှသိ။ ဒါတောင် အိမ်ထောင်ရေး ကိစ္စပြောတာဂရုမစိုက်ပါဘူး အားလုံးကပြီးသွားခဲ့ပြီပဲ။ တစ်ခုပဲ သမီးလေးအပေါ်ထားတဲ့ ဖခင်မေတ္တာတော့ လာမထိနဲ့။ comment တစ်ခု ssလာပြတာတွေ့တယ် ဘာတဲ့ အဖေတာဝန်မကျေတဲ့သူတဲ့… 😅အဲ့လို cmtရေးတဲ့ညီမရေ တာဝန်ကျေမကျေသိချင်ရင် အိမ်မှာတစ်ရက်လောက် ညအိပ်ပြီး လာကြည့်ပါလို့.. ရိုင်းတဲ့စကားမဟုတ်ဘူးနော် ညအိပ်ပြီးကြည့်မှ အိပ်တဲ့ အချိန်တောင် သမီးလေးကို စောင်တစ်ချက်မလွတ်အောင် ဂရုစိုက်တယ်ဆိုတာ #ပလိန်းရိုင်းတို့သိစေဖို့ပါ ….” ဆိုပြီး ပြောလာခဲ့တာဖြစ်ပါတယ်။
ဖြိုးကျော်ကျော်မြတ် ကတော့ မျိုးစန္ဒီကေျာ်နဲ့ အဆင်မပြေမှုတွေရှိလို့ ကွာရှင်းခဲ့တယ်ဆိုပေမယ့် သမီးလေးအပေါ်မှာတော့ သူ့ရဲ့ဖခင်မေတ္တာကို အပြည့်အဝပေးထားနိုင်သူဖြစ်ပြီး သမီးလေးလိုအပ်တာမှန်သမျှကိုလည်း ဖြည့်ဆည်းပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
Source: Phyokyawkyaw Myat’s fb
Credit:Cele Active World