သူမကိုယ္တိုင္ပါ၀င္ သ႐ုပ္ေဆာင္ထားတဲ့ ‘သရဖူ’ဇာတ္လမ္းမွာ ျပန္ၾကည့္လိုက္တိုင္း ရင္ဘတ္ေအာင္ရတဲ့ ဇာတ္၀င္ခန္းအေၾကာင္းေျပာျပလာတဲ့ ျခဴးေလး
သ႐ုပ္ေဆာင္ျခဴးေလး ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္ အေပၚ တာဝန္ေက်စြာ သ႐ုပ္ေဆာင္ႏိုင္ တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပး ခ်စ္ခင္မႈကို အမ်ားဆုံးရရွိထားသူတစ္ေယာက္ပါ။ ျခဴးေလးဟာ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “သရဖူ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီးေနရာကေန ဦးေဆာင္သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြရဲ႕ခ်ီးက်ဴးအားေပးမႈကို အမ်ားအျပားရရွိေနလ်က္ရွိပါတယ္။
သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္သလို ခံစားတတ္တဲ့ ပုထုဇဥ္လူသားပီပီ ျခဴးေလး ဟာလည္း သူမကိုယ္တိုင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြကိုၾကည့္တိုင္း ခံစားရေလ့ရွိေၾကာင္းေျပာလာ ပါတယ္။ “သရဖူ” ဇာတ္လမ္းတြဲမွာလည္း သူမသ႐ုပ္ေဆာင္ထားတဲ့ ေအး ဆိုတဲ့ ကာ႐ိုက္တာနဲ႔ သူမရဲ႕ခင္ပြန္း ကိုစိုးေအာင္တို႔ မသင့္မျမတ္ျဖစ္ၾကၿပီး ေအးအေနနဲ႔ အိမ္ေပၚကဆင္းဖို႔ဆုံးျဖတ္လိုက္တဲ့ ဇာတ္ဝင္ခန္းဟာလည္း သူမကိုခံစားေစရေၾကာင္း “အရမ္းႀကိဳက္ တဲ့ scene ေလး …. ျပန္ၾကည့္လိုက္တိုင္း ရင္ဘတ္ထဲမွာ ေအာင့္ေနတာဘဲ …😭” ဆိုျပီး ေျပာျပလာပါတယ္။
“သရဖူ” ဇာတ္လမ္းတြဲကေတာ့ အရင္ ကတည္းက ဆရာမၾကီး မစႏၵာရဲ့ နာမည္ၾကီး ဝတၳဳတစ္ပုဒ္ျဖစ္ျပီး ရုပ္ရွင္၊ ဇာတ္လမ္းတြဲအျဖစ္ အသက္သြင္းရုိက္ကူးစဥ္မွာလည္း ေခတ္အဆက္ဆက္ ေအာင္ျမင္ခဲ့ျပီး ပရိသတ္အားေပးမႈကို ရရိွခဲ့တာပဲျဖစ္ပါတယ္။
Source: Chue Lay ‘s fb
Credit:Cele Active World
သူမကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ‘သရဖူ’ဇာတ်လမ်းမှာ ပြန်ကြည့်လိုက်တိုင်း ရင်ဘတ်အောင်ရတဲ့ ဇာတ်ဝင်ခန်းအကြောင်းပြောပြလာတဲ့ ခြူးလေး
သရုပ်ဆောင်ခြူးလေး ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ် အပေါ် တာဝန်ကျေစွာ သရုပ်ဆောင်နိုင် တာကြောင့် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ယောက်ပါ။ ခြူးလေးဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ဦးဆောင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုကို အများအပြားရရှိနေလျက်ရှိပါတယ်။
သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ခံစားတတ်တဲ့ ပုထုဇဉ်လူသားပီပီ ခြူးလေး ဟာလည်း သူမကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကိုကြည့်တိုင်း ခံစားရလေ့ရှိကြောင်းပြောလာ ပါတယ်။ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း သူမသရုပ်ဆောင်ထားတဲ့ အေး ဆိုတဲ့ ကာရိုက်တာနဲ့ သူမရဲ့ခင်ပွန်း ကိုစိုးအောင်တို့ မသင့်မမြတ်ဖြစ်ကြပြီး အေးအနေနဲ့ အိမ်ပေါ်ကဆင်းဖို့ဆုံးဖြတ်လိုက်တဲ့ ဇာတ်ဝင်ခန်းဟာလည်း သူမကိုခံစားစေရကြောင်း “အရမ်းကြိုက် တဲ့ scene လေး …. ပြန်ကြည့်လိုက်တိုင်း ရင်ဘတ်ထဲမှာ အောင့်နေတာဘဲ …😭” ဆိုပြီး ပြောပြလာပါတယ်။
“သရဖူ” ဇာတ်လမ်းတွဲကတော့ အရင် ကတည်းက ဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းရိုက်ကူးစဉ်မှာလည်း ခေတ်အဆက်ဆက် အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
Source: Chue Lay ‘s fb
Credit:Cele Active World