မိဘအတြက္ လိုေလေသးမရွိေအာင္ အေကာင္းဆံုးလုပ္ေပးခဲ့ေပမယ့္ ျပန္ရလိုက္တဲ့ အရာက၀မ္းနည္းစရာေကာင္းေၾကာင္း ရင္ဖြင့္လာတဲ့စည္သူေမာင္

Posted on

မိဘအတြက္ လိုေလေသးမရွိေအာင္ အေကာင္းဆံုးလုပ္ေပးခဲ့ေပမယ့္ ျပန္ရလိုက္တဲ့ အရာက၀မ္းနည္းစရာေကာင္းေၾကာင္း ရင္ဖြင့္လာတဲ့စည္သူေမာင္

ပရိတ္သတ္ႀကီးေရ…ဆယ္စုႏွစ္တိုင္ေအာင္ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ့ အားေပးမႈေတြကို သိမ္းပိုက္ ရရွိထားတဲ့သူကေတာ့သ႐ုပ္ေဆာင္ စည္သူေမာင္ပဲ ျဖစ္ပါတယ္။ သူကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားမ်ားတြင္ က်ရာေနရာကေန ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ရရွိတဲ့ ေခၽြး နည္းစာမ်ားျဖင့္လည္း မိဘႏွစ္ပါးလုံးကို လုပ္ေကၽြးျပဳစုေနတဲ့ သားလိမၼာေလးျဖစ္ တာေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနၾကတာ ျဖစ္ပါတယ္။

စည္သူေမာင္ဟာ အႏုပညာလႈပ္ရွားမႈေတြ အျပင္ အျခားစီးပြားေရးလုပ္ငန္းကိုလည္း ဦးစီးလုပ္ကိုင္ ေနတာ ျဖစ္ပါ တယ္။ ဒါ့အျပင္ အေရး ၾကဳံ တဲ့အခါတိုင္း ျပည္သူေတြဘက္ကေန အခိုင္အမာရပ္တည္ေပးေနတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ လႈပ္ရွားမႈေတြ ကိုလည္းအျမဲေဝမၽွေပးေနၿပီး မၾကာေသးခင္ နာရီပိုင္းေလာက္ကစည္သူေမာင္ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာမိဘနဲ႔သားသမီးၾကားမွာ ေငြစကားေျပာၿပီး ေငြနဲ႔ပဲ တန္ဖိုးျဖတ္ခံရေၾကာင္းအခုလိုဝမ္းနည္းစြာရင္ဖြင့္လာခဲ့ပါတယ္ေနာ္။

သ႐ုပ္ေဆာင္ စည္သူေမာင္က မိဘအတြက္ဆိုၿပီး ဘယ္ေလာက္ပဲ လုပ္ေပးခဲ့ လုပ္ေပးခဲ့ ေနာက္ဆုံးေတာ့ ေငြစကားေျပာၿပီး ေငြနဲ႔ပဲ တန္ဖိုးျဖတ္ခံရတာပဲ၊စိတ္ေစတနာေတြဆိုတာ အထုပ္လိုက္ျမင္ရတဲ့ေငြေလာက္ တန္ဖိုးမရွိဖူးဆိုတာ မိတ္ေဆြသူငယ္ခ်င္းၾကားသာမဟုတ္ဖူး မိဘနဲ႔သားသမီးၾကားလည္းရွိတာပဲ ဆိုၿပီးေရးသားေဖာ္ျပထားပါတယ္၊စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Credit

မိဘအတွက် လိုလေသေးမရှိအောင် အကောင်းဆုံးလုပ်ပေးခဲ့ပေမယ့် ပြန်ရလိုက်တဲ့ အရာကဝမ်းနည်းစရာကောင်းကြောင်း ရင်ဖွင့်လာတဲ့စည်သူမောင်

ပရိတ်သတ်ကြီးရေ…ဆယ်စုနှစ်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက် ရရှိထားတဲ့သူကတော့သရုပ်ဆောင် စည်သူမောင်ပဲ ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ရရှိတဲ့ ချွေး နည်းစာများဖြင့်လည်း မိဘနှစ်ပါးလုံးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ် တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

စည်သူမောင်ဟာ အနုပညာလှုပ်ရှားမှုတွေ အပြင် အခြားစီးပွားရေးလုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင် နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် အရေး ကြုံ တဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေ ကိုလည်းအမြဲဝေမျှပေးနေပြီး မကြာသေးခင် နာရီပိုင်းလောက်ကစည်သူမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာမိဘနဲ့သားသမီးကြားမှာ ငွေစကားပြောပြီး ငွေနဲ့ပဲ တန်ဖိုးဖြတ်ခံရကြောင်းအခုလိုဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင် စည်သူမောင်က မိဘအတွက်ဆိုပြီး ဘယ်လောက်ပဲ လုပ်ပေးခဲ့ လုပ်ပေးခဲ့ နောက်ဆုံးတော့ ငွေစကားပြောပြီး ငွေနဲ့ပဲ တန်ဖိုးဖြတ်ခံရတာပဲ၊စိတ်စေတနာတွေဆိုတာ အထုပ်လိုက်မြင်ရတဲ့ငွေလောက် တန်ဖိုးမရှိဖူးဆိုတာ မိတ်ဆွေသူငယ်ချင်းကြားသာမဟုတ်ဖူး မိဘနဲ့သားသမီးကြားလည်းရှိတာပဲ ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit