
Posted on





Credit ; MMLoad

အဒေါ်ကြီးနှစ်ဦးဆီမှာ ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီးအကူအညီတောင်းခဲ့ရာ သူတို့ရဲ့ပြန်လည်တုံ့ပြန်မှုကြောင့် မျက်ရည်ပါဝဲခဲ့ရတဲ့ ရဲနောင်ရဲ့ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ….ဂီတနယ်ပယ်မှာ နေရာ တစ်နေရာကို ရပ်တည်ပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ် းလာခဲ့တဲ့ သူကတော့ အဆိုတော် ရဲနောင် ပဲ ဖြစ်ပါတယ်။ ရဲနောင်ဟာ နာမည်ကြီး Myanmar ido အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂီတကို အကောင်းဆုံးကြိုးစားနေသလို Online ကနေ ဂီတာတီး သင်တန်းလေးဖွင့်ထားတာ တွေ့ရပါတယ်။

ဘဝကို ဂီတနှင့် ရှင်သန်နေတဲ့ ရဲနောင်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ကိုလည်း တည်ဆောက် ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဇနီးချောလေးက ရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့ အကြောင်းလေးကို ဝမ်းသာအားရ ဖွင့်ဟလာခဲ့တာ တွေ့ရပါတယ်။ ယခုအခါမှာတော့ ပရိသတ်တွချစ်တဲ့ ရဲနောင်က ကြည်နူးစရာ ဗီဒီယိုလေးတစ်ပုဒ်ကို ဖော်ပြလာခဲ့ပါတယ်။ဒါကတော့ ကြင်နာတတ်တဲ့ သူတွေကို လိုက်ရှာပြီး ပြန်လည်ကူညီပေးခဲ့တာလေးပါ။

ဗီဒီယိုလေးထဲ မှာတော့ ရဲနောင်က ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီး အဒေါ်အရွယ်နှစ်ဦးဆီမှာ သွားရောက်အကူအညီတောင် းခဲ့တာ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ သူဖြစ်တာကြောင့် ရဲနောင်က ငွေကျပ် ၁ သိန်းအားပြန်လည် ဂုဏ်ပြု ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ရဲနောင်ရဲ့ ဗီဒီယိုလေးဟာ တကယ့်ကို ကြည်နူးစရာဖြစ်တာကြောင့် ပရိသတ်တွေလည်း သဘောကျမိမယ်လို့ မျှော်လင့်မိပါတယ်။

Credit ; MMLoad