
Posted on





Source: Eint Chit’s fb

ချစ်ခင်ပွန်းနဲ့အတူ သမီးလေးမမွေးခင် အမှတ်တရပုံလေးတွေကို ရိုက်ကူးရင်း သမီးလေးနဲ့ပတ်သက်တဲ့အရာလေးကို ထုတ်ဖော်ပြောပြလာတဲ့ အဆိုတော်အိမ့်ချစ်

အဆိုတော် အိမ့်ချစ် ကတော့ သီချင်းဆိုကောင်းပြီး ဖော်ရွေတတ်သူ တစ်ယောက် အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် အိမ်ထောင်ရှင်အမျိုးသမီး အဆိုတော် အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်ဟာ သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်နေတာပဲဖြစ်ပါတယ်။

သမီးလေးရဲ့ကိုယ်ဝန် (၇) လတိတိပြည့် ခဲ့တဲ့နေ့မှာ အိမ့်ချစ်တို့ဇနီးမောင်နှံဟာ သမီးလေးအတွက် ရည်ရွယ်ထားတဲ့ နာမည် တစ်ခုကို ထုတ်ပြောပြလာပါတယ်။ အိမ့်ချစ်တို့ဇနီးမောင်နှံက ဝမ်းကြာတိုက်ထဲရှိနေသေးတဲ့သမီးလေးနဲ့ ဓာတ်ပုံတွေရိုက်ကူးပြီး “သမီးလေး နာမည်ကို ‘အမရာ’ Amara လို့ပေးမယ် 🤍 7months pregnancy” ဆိုပြီး သမီးလေးနဲ့ အမှတ်တရဓာတ်ပုံလေးတွေကို မျှဝေပေးလာပါတယ်။

အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ မကြာခင်လူ့လောက ထဲရောက်ရှိလာတော့မယ့် သူတို့ရဲ့သမီးလေး အတွက် အမရဆိုပြီး နာမည်လေးပေးထားကြောင်း ပြောပြလာတာပဲဖြစ်ပါတယ်။ အိမ့်ချစ်လည်း သမီးလေးကို အဆင်ပြေပြေမွေးဖွားနိုင်ပါစေနော်။

Source: Eint Chit’s fb
Credit:Cele Active World