အေမျဖစ္သူအိမ္သြားလည္ရာမွ ႏွင္ထုတ္ခံလိုုက္ရတဲ့ ေနာက္ကြယ္ကအေၾကာင္းအရင္းကို ပရိသတ္ႀကီးအား ျပသလာတဲ့ ပိုင္တံခြန္ရဲ႕ဗီဒီယိုေလး
ႏိုင္ငံေက်ာ္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ရွည္လ်ားတဲ့ အရပ္အေမာင္းနဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာေၾကာင့္ မိန္းကေလး ပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသားေလး တစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ ပရိသတ္ေတြ၊ မိသားစုေတြနဲ႔ အခ်ိန္အေတာ္ၾကာ အဆက္အသြယ္ျပတ္ေတာက္ခဲ့တဲ့ ပိုင္တံခြန္ဟာ အခုဆိုရင္ အရင္အတိုင္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းနဲ႔ ပုံမွန္ လုပ္ကိုင္ေနလ်က္ရွိၿပီျဖစ္ၿပီး မိသားစုကိုလည္း အခ်ိန္ေပးျဖစ္ေနၿပီပဲျဖစ္ပါတယ္။
အေမခ်စ္သား တစ္ေယာက္ျဖစ္သလို အေမ့ကိုလည္း အရမ္းခ်စ္ျမတ္ႏိုးတဲ့ ပိုင္တံခြန္ဟာ ဒီကေန ႔မွာလည္း သူ႔ရဲ႕ေမေမနဲ႔ ဗီဒီယိုေလးတစ္ခုကို ပရိသတ္ေတြဆီ မွ်ေဝလာပါတယ္။ ပိုင္တံခြန္က “အေမ့အိမ္ တခါတေလ သြားလည္တာကို ေ မာင္းထုတ္ေနတယ္ 😢” ဆိုၿပီး သူေမြ းထားတဲ့ Iguana လို႔ေခၚတဲ့ ဖြတ္ႀကီးနဲ႔ မိခင္ကိုစေနာက္ေနတာ အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။
ပိုင္တံခြန္ ကေတာ့ တိရစာၦန္ေလးေတြကို ခ်စ္ျမတ္ႏိုးသူ တစ္ေယာက္ပီပီ ဘယ္လို တိရစာၦန္မ်ိဳးကိုမဆိုခ်စ္ႏိုင္ေပမယ့္ သူ႔ရဲ႕ေမေမကေတာ့ မိန္းမသားပီပီေၾကာက္တတ္ရွာတာ ပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပိုင္တံခြန္တို႔ သားအမိႏွစ္ေယာက္ရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ထင္ပါတယ္ေနာ္။
Source: Paing Takhon’s fb
Credit:Cele Active World
အမေဖြစ်သူအိမ်သွားလည်ရာမှ နှင်ထုတ်ခံလိုုက်ရတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ပရိသတ်ကြီးအား ပြသလာတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုလေး
နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေး တစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ပရိသတ်တွေ၊ မိသားစုတွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ပိုင်တံခွန်ဟာ အခုဆိုရင် အရင်အတိုင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန် လုပ်ကိုင်နေလျက်ရှိပြီဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးဖြစ်နေပြီပဲဖြစ်ပါတယ်။
အမေချစ်သား တစ်ယောက်ဖြစ်သလို အမေ့ကိုလည်း အရမ်းချစ်မြတ်နိုးတဲ့ ပိုင်တံခွန်ဟာ ဒီကနေ ့မှာလည်း သူ့ရဲ့မေမေနဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ ပိုင်တံခွန်က “အမေ့အိမ် တခါတလေ သွားလည်တာကို ေ မာင်းထုတ်နေတယ် 😢” ဆိုပြီး သူမွေ းထားတဲ့ Iguana လို့ခေါ်တဲ့ ဖွတ်ကြီးနဲ့ မိခင်ကိုစနောက်နေတာ အခုလိုမျိုးပဲ တွေ့ရပါတယ်။
ပိုင်တံခွန် ကတော့ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူ တစ်ယောက်ပီပီ ဘယ်လို တိရစ္ဆာန်မျိုးကိုမဆိုချစ်နိုင်ပေမယ့် သူ့ရဲ့မေမေကတော့ မိန်းမသားပီပီကြောက်တတ်ရှာတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
Source: Paing Takhon’s fb
Credit:Cele Active World