ဖခင်ဖြစ်သူကျန်းမာရေးကြောင့် ဘန်ကောက်ကို ဆေးကုသရန်သွားဖို့ပက်စ်ပို့သက်တမ်းသွားတိုးရမှ ပက်စ်ပို့စာအုပ်ပါသိမ်းခြင်းကိုခံလိုက်ရတဲ့ ဆက်စီမော်ဒယ်လ်နန်းမွေစံ
ဆက်စီမော်ဒယ်လ် တစ်ဦးဖြစ်သူ နန်းမွေစံကတော့ ပြည်တွင်းပရိသတ်တွေ သာမက ပြည်ပက Fan တွေများစွာကိုလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ လူသိများတဲ့ ဆယ်လီမော်ဒယ်လ် တစ်ဦးဖြစ်တဲ့ နန်းမွေစံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ဖခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူဖို့ ပက်စ်ပို့သက်တမ်းသွားတိုးစဉ် ပက်စ်ပို့စာအုပ်သိမ်းဆည်းခံလိုက်ရပြီး ဘန်ကောက်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
နန်းမွေစံဟာ ပြီးခဲ့တဲ့ မတ်လ (၃၁) ရက်က ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ သူမရဲ့ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ် ပတ်စ်ပို့စာအုပ်သိမ်းဆည်းခံခဲ့ရပြီး ပတ်စ်ပို့စာအုပ်သစ်ကို ထုတ်ပေးမှာမဟုတ်ကြောင်းနဲ့ နိုင်ငံခြားခရီးသွားခွင့်ပိတ်ပင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
နန်းမွေစံကတော့ ပတ်စ်ပို့စာအုပ်သိမ်းဆည်းခံ ခဲ့ရတာကြောင့် သူမဖခင်ရဲ့ ကျန်းမာရေးအတွက် ဘန်ကောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး နိုင်ငံခြားခရီးသွားခွင့်တွေလည်း ပိတ်ပင်ခံခဲ့ရတာပဲဖြစ်ပါတယ်။
Source: The Irrawaddy – Burmese Edition’s fb
Credit:Cele Active World