ပြုပြင်ပြောင်းလဲမှုတွေကြောင့် လုံးဝမမှတ်မိတော့လောက်အောင် မိမိုက်နေတဲ့ ရုပ်ရည်ကိုပရိသတ်ကြီးအားပြသလိုက်တဲ့ အစီအစဉ်တင်ဆက်သူ ဇင်အောင်
နိုင်ငံကျော် အစီအစဉ် တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဇင်အောင် ကတော့ ပရိသတ်တွေ မသိသူမရှိလောက် ဘူးလို့ ထင်ပါတယ်။ ဇင်အောင်ဟာ နာမည်ကြီးအစီအစဉ်တွေများစွာကို စီစဉ်တင်ဆက်ပေး ခဲ့သူဖြစ်ပြီး ပွဲအခမ်းအနားတွေများစွာကို တင်ဆက်ပေးရသူတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဇင်အောင်ဟာ ကြော်ငြာအချို့ကိုလည်းရိုက်ကူးပေးပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လာခဲ့တာကို တွေ့ရပါတယ်။
သာမာန်အမျိုးသားတွေ ထက် ဖက်ရှင်ကိုဦးစားပေးဝတ်ဆင် တတ်ပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း ပြုပြင်ပြောင်းလဲနေတဲ့ ဇင်အောင်ဟာ ဒီတစ်ခါ မှာတော့ သူတင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ ဇင်အောင်က ထူထဲတဲ့ မျက်ခုံးမွှေးတက်တူးနဲ့ ဆံပင်တုတို့ကြောင့် အခြားလူတစ်ယောက်လိုပြောင်းလဲသွားခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ဇင်အောင် ကတော့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် တချို့သောပရိသတ်တွေ ကတော့ ဇင်အောင်ရဲ့ပြောင်းလဲမှုကို သဘောကျ သလို တချို့ကတော့ သဘောကျနှစ်ခြိုက်ခြင်းမရှိပါဘူး။ ပရိသတ်ကြီးကရော ဇင်အောင်ရဲ့ ဓာတ်ပုံလေးတွေကိုကြည်ပြီး မှတ်ချက်တစ်ခုခုရေးသားပေးခဲ့ပါဦးနော်။
Source: Zin Aung Aung’s fb
Credit:Cele Active World