ေမြးၿပီးကာမွ မိခင္ကရက္ရက္စက္စက္စြန္႕ပစ္သြားတဲ့ ကေလးေလးကို သူမရဲ႕ေဂဟာသို႕လာပို႕လို႕ ေခၚယူေမြးစားလိုက္ရျပန္တဲ့ ေမေမခိုင္ႏွင္းေ၀

Posted on

ေမြးၿပီးကာမွ မိခင္ကရက္ရက္စက္စက္စြန္႕ပစ္သြားတဲ့ ကေလးေလးကို သူမရဲ႕ေဂဟာသို႕လာပို႕လို႕ ေခၚယူေမြးစားလိုက္ရျပန္တဲ့ ေမေမခိုင္ႏွင္းေ၀

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ ကိုယ္က်ိဳးကိုမငဲ့ကြက္ပဲ အမ်ားအက်ိဳ းအတြက္ ေရွ႕ဆုံးကေန စြမ္းစြမ္းတမံ ကူညီေဆာင္႐ြက္ေပး ေနတဲ့ ပရဟိတ မင္းသမီးေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက ေစာင့္ေရွာက္သူမဲ့ေနတဲ့ ကေလးေတြကို ရင္အုပ္မကြာျပဳစုေစာင့္ေရွာက္ေန သလို ကေလးေတြေရွ႕ေရးအတြက္ပါ စဥ္းစားေဆာင္႐ြက္ေပးတတ္သူ တစ္ေယာက္ပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ခိုင္ႏွင္းေဝဟာ ပရိသတ္ေတြၾကားမွာ ပရဟိတမင္းသမီးေလးရယ္လို႔ ေကာင္းသတင္းနဲ႔ေက်ာ္ၾကားသူျဖစ္ပါတယ္။

မေန႔က ေမလ (၂၇) ရက္ေန႔ မွာလည္း ခိုင္ႏွင္းေဝဟာ စြန႔္ပစ္ခံကေလးငယ္ တစ္ေယာက္ကို ေခၚယူေမြးစားခဲ့တယ္လို႔ သိရပါတယ္။ ထိုကေလးရဲ႕မိခင္ဟာ ကေလးငယ္ကို ၿမိဳ႕နယ္သားဖြားခန္းမွာေမြးဖြားၿပီး စြန႔္ပစ္ထြက္ေျပးသြားတာေၾကာင့္ ကေလးငယ္ဟာ ခိုင္ႏွင္းေဝရဲ႕ ေဂဟာဆီေရာက္ရွိ လာခဲ့ၿပီး “၆ ေပါင္ေက်ာ္တဲ့ ၾကာသာပေတးသားေလး ပါရွင္..❤️ လူရည္ခြၽန္ေလး သားေကာင္းရတနာေလးပဲ ျဖစ္ပါေစ..❤️..”ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ မွ်ေဝေပးလာတာပဲျဖစ္ပါတယ္။

ခိုင္ႏွင္းေဝကေတာ့ ကေလးေပါင္း မ်ားစြာကို ေစာင့္ေရွာက္ေနရတာျဖစ္ၿပီး အခုတစ္ခါမွာလည္း မိခင္ကရက္ရက္စက္စက္ စြန႔္ပစ္သြားခဲ့တဲ့ ၾကာသပေတးသား လူေခ်ာေလးကို ထပ္မံေမြးစားခဲ့တာျဖစ္ပါတယ္။ သားငယ္ေလးလည္း ေရွ႕ဆက္မယ့္ဘဝမွာ ကံေကာင္းျခင္းေတြနဲ႔သာဆုံေတြ႕ၿပီး ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္ရွိႏိုင္ပါေစေနာ္။

Source: Khine Hnin Wai ‘s fb
Credit;Cele Active World

မွေးပြီးကာမှ မိခင်ကရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ ကလေးလေးကို သူမရဲ့ဂေဟာသို့လာပို့လို့ ခေါ်ယူမွေးစားလိုက်ရပြန်တဲ့ မေမေခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျို းအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေး နေတဲ့ ပရဟိတ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေ သလို ကလေးတွေရှေ့ရေးအတွက်ပါ စဉ်းစားဆောင်ရွက်ပေးတတ်သူ တစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ခိုင်နှင်းဝေဟာ ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးရယ်လို့ ကောင်းသတင်းနဲ့ကျော်ကြားသူဖြစ်ပါတယ်။

မနေ့က မေလ (၂၇) ရက်နေ့ မှာလည်း ခိုင်နှင်းဝေဟာ စွန့်ပစ်ခံကလေးငယ် တစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တယ်လို့ သိရပါတယ်။ ထိုကလေးရဲ့မိခင်ဟာ ကလေးငယ်ကို မြို့နယ်သားဖွားခန်းမှာမွေးဖွားပြီး စွန့်ပစ်ထွက်ပြေးသွားတာကြောင့် ကလေးငယ်ဟာ ခိုင်နှင်းဝေရဲ့ ဂေဟာဆီရောက်ရှိ လာခဲ့ပြီး “၆ ပေါင်ကျော်တဲ့ ကြာသာပတေးသားလေး ပါရှင်..❤️ လူရည်ချွန်လေး သားကောင်းရတနာလေးပဲ ဖြစ်ပါစေ..❤️..”ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ကလေးပေါင်း များစွာကို စောင့်ရှောက်နေရတာဖြစ်ပြီး အခုတစ်ခါမှာလည်း မိခင်ကရက်ရက်စက်စက် စွန့်ပစ်သွားခဲ့တဲ့ ကြာသပတေးသား လူချောလေးကို ထပ်မံမွေးစားခဲ့တာဖြစ်ပါတယ်။ သားငယ်လေးလည်း ရှေ့ဆက်မယ့်ဘဝမှာ ကံကောင်းခြင်းတွေနဲ့သာဆုံတွေ့ပြီး အောင်မြင်မှုပန်းတိုင်ကိုရောက်ရှိနိုင်ပါစေနော်။

Source: Khine Hnin Wai ‘s fb
Credit;Cele Active World