
Posted on





Source – Eaint Chit
Credit – CeleGabar

ချစ်ရတဲ့မောင်လေးရဲ့မွေးနေ့မှာ တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အဆိုတော်အိမ့်ချစ်

ပရိသတ်ကြီးရေ အိမ့်ချစ် ကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို မိသားစု အတွက်လည်း ဦးဆောင်ဦးရွက်ပြုနိုင်သူတစ်ယောက်ဖြစ်တဲ့ အပြင် မောင်လေးဖြစ်သူအတွက်လည်း အမကောင်းတစ်ယောက် ပီသလှသူ တစ်ယောက်ပဲဖြစ်ပါတယ်။ မောင်လေးကိုလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်အောင်လက်တွဲခေါ်ပြီး တကယ်ကို အမကောင်းပီသလှသူပါ။

ဒီနေ့မှာလည်းအိမ့်ချစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းအတွက် အမကောင်းပီသလှတဲ့ စကားလေးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ပါတယ်။ အိမ့်ချစ်ကတော့ “Happy Birthday Junior. Junior Chit Kaung မွေးနေ့မှ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါစေ

I always got your back dude ..!! Keep going ..!!” ဆိုပြီး မောင်လေးအတွက် အမြဲတမ်းအမကောင်းတစ်ယောက်အနေနဲ့ Support ပေးနေမှာဖြစ်ကြောင်း မွေးနေဆုတောင်းလေးနဲ့အတူရေးသားထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အိမ့်ချစ်လို အမမျိုးကတော့ တကယ်ကို အမကောင်းတစ်ယောက်ပီသလွန်းတဲ့ ရှာမှရှား အမမျိုးပါပဲနော်။

Source – Eaint Chit
Credit – CeleGabar