Romantic ဆန်ဆန်ကမ်းခြေမှာ အပြတ်လန်းနေကြတဲ့ ပုံရိပ်တွေကိုပရိသတ်ကြီးအားပြသလာတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ စုံတွဲ
မင်းသမီးချောလေး ရွှေမှုံရတီ ကတော့ သူမရဲ့အအောင်မြင်ဆုံး အချိန်မှာတင် အိမ်ထောင်သည် ဘဝကို ခံယူခဲ့တာပဲဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံဟာ လက်ထပ်ထားတာ အချိန်အတော်ကြာခဲ့ပြီ ဆိုပေမယ့် ရင်သွေးမယူသေးပဲ နှစ်ယောက်တည်း သာယာတဲ့ အချိန်တွေကို ဖန်တီးနေတာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ အနုပညာအလုပ်တွေ ကိုယ်စီမှာလည်း အောင်မြင်မှုတွေဆွတ်ခူးရရှိပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။
ရွှေမှုံရတီနဲ့ ရွှေထူးတို့ဇနီးမောင်နှံဟာ (၂၀၁၈) ခုနှစ်ကလက်ထပ်ထားကြပြီး အိမ်ထောင်သက်လေးနှစ်နီးပါး ရှိနေပြီ ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံအတိုင်း ချစ်ကြဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေမှုံရတီက သူမရဲ့ကမ်းခြေက ဓာတ်ပုံလေးတွေကို မျှဝေရင်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ Romantic ဆန်ဆန်ပုံလေးတွေကိုလည်း ချပြလာခဲ့ပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံ ကတော့ လူငယ်စုံတွဲလေး ပီပီ တစ်ယောက်နဲ့ တစ်ယောက် စိတ်တူကိုယ်တူ ခရီးတွေထွက်နေကြတာပဲဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။
Source: Shwe Mhone Yati ‘s fb
Credit:Cele Active World