ပရိသတ္ေတြအႀကီးအက်ယ္ပြဲဆူေနၾကတဲ့ သူမခ်စ္သူနဲ႕ပတ္သက္ၿပီး အမွန္တရားတစ္ခုကိုျပန္လည္ေျဖရွင္းလိုက္တဲ့ သ႐ုပ္ေဆာင္ေအးျမတ္သူ

Posted on

ပရိသတ္ေတြအႀကီးအက်ယ္ပြဲဆူေနၾကတဲ့ သူမခ်စ္သူနဲ႕ပတ္သက္ၿပီး အမွန္တရားတစ္ခုကိုျပန္လည္ေျဖရွင္းလိုက္တဲ့ သ႐ုပ္ေဆာင္ေအးျမတ္သူ

ေအးျမတ္သူ ကေတာ့ ေမာ္ဒယ္လ္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး အခုဆိုရင္ အကယ္ဒမီဆုရွင္ မင္းသမီး တစ္ေယာက္ျဖစ္လို႔ေနၿပီပဲျဖစ္ပါတယ္။ အကယ္ဒမီဆုႀကီးဆြတ္ခူးႏိုင္ၿပီးမွ ပရိသတ္ေတြရဲ႕အားေပးမႈကို ပိုမိုရရွိခဲ့တဲ့ ေအးျမတ္သူဟာ သူမရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီးလည္း ပရိသတ္ေတြကို တစြန္းတစခ်ျပေလ့ရွိသူတစ္ေယာက္ပါပဲ။ ေအးျမတ္သူကလည္း သူမရဲ႕ျဖစ္တည္မႈအေပၚ ပရိသတ္ေတြအားလုံးသိရေအာင္ မခြၽင္းမခ်န္ခ်ျပေလ့ရွိတာပဲျဖစ္ပါတယ္။

ဒီကေန႔ မွာလည္း ေအးျမတ္သူက သူမတို႔ခ်စ္သူႏွစ္ေယာက္ရဲ႕ ခ်စ္ၾကည္ႏူးစရာ ဓာတ္ပုံတစ္ပုံကို ခ်ျပလာပါတယ္။ ေအးျမတ္သူက သူမရဲ႕ေပါင္ေပၚမွာ ခ်စ္သူကိုေမွးစက္ေစေနတဲ့ဓာတ္ပုံေလးကို ခ်ျပၿပီး “We 🖤” ဆိုၿပီး လူသိရွင္ၾကားအသိေပးလာခဲ့ တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ ေအးျမတ္သူတို႔ခ်စ္သူႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ေအးျမတ္သူရဲ႕ခ်စ္သူ ကေတာ့ စစ္တပ္ အသိုင္းအဝိုင္းက အရာရွိတစ္ေယာက္ျဖစ္တယ္ဆိုၿပီး ေကာလဟာလေတြထြက္ေပၚခဲ့ဖူးသလို ေအးျမတ္သူကလည္း သူမရဲ႕ Story မွာ “ဘာေတြျဖစ္ခ်င္ေနတာလည္း ေမးေပးၾကပါဦး.. ဒီအဆင္နဲ႔ ဒီအဆင္ကို အတင္းေတြ ဇြတ္တူခိုင္း… “ဆိုၿပီး သူမရဲ႕ခ်စ္သူဟာ အရင္သတင္းထြက္ဖူးတဲ့သူမဟုတ္ပဲ တျခားတစ္ေယာက္ဆိုတာကို အတည္ျပဳေပးခဲ့တာပဲျဖစ္ပါတယ္။

Source: Aye Myat Thu’s fb
Credit:Cele Active World

ပရိသတ်တွေအကြီးအကျယ်ပွဲဆူနေကြတဲ့ သူမချစ်သူနဲ့ပတ်သက်ပြီး အမှန်တရားတစ်ခုကိုပြန်လည်ဖြေရှင်းလိုက်တဲ့ သရုပ်ဆောင်အေးမြတ်သူ

အေးမြတ်သူ ကတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် အကယ်ဒမီဆုရှင် မင်းသမီး တစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးဆွတ်ခူးနိုင်ပြီးမှ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ အေးမြတ်သူဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို တစွန်းတစချပြလေ့ရှိသူတစ်ယောက်ပါပဲ။ အေးမြတ်သူကလည်း သူမရဲ့ဖြစ်တည်မှုအပေါ် ပရိသတ်တွေအားလုံးသိရအောင် မချွင်းမချန်ချပြလေ့ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့ မှာလည်း အေးမြတ်သူက သူမတို့ချစ်သူနှစ်ယောက်ရဲ့ ချစ်ကြည်နူးစရာ ဓာတ်ပုံတစ်ပုံကို ချပြလာပါတယ်။ အေးမြတ်သူက သူမရဲ့ပေါင်ပေါ်မှာ ချစ်သူကိုမှေးစက်စေနေတဲ့ဓာတ်ပုံလေးကို ချပြပြီး “We 🖤” ဆိုပြီး လူသိရှင်ကြားအသိပေးလာခဲ့ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အေးမြတ်သူတို့ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အေးမြတ်သူရဲ့ချစ်သူ ကတော့ စစ်တပ် အသိုင်းအဝိုင်းက အရာရှိတစ်ယောက်ဖြစ်တယ်ဆိုပြီး ကောလဟာလတွေထွက်ပေါ်ခဲ့ဖူးသလို အေးမြတ်သူကလည်း သူမရဲ့ Story မှာ “ဘာတွေဖြစ်ချင်နေတာလည်း မေးပေးကြပါဦး.. ဒီအဆင်နဲ့ ဒီအဆင်ကို အတင်းတွေ ဇွတ်တူခိုင်း… “ဆိုပြီး သူမရဲ့ချစ်သူဟာ အရင်သတင်းထွက်ဖူးတဲ့သူမဟုတ်ပဲ တခြားတစ်ယောက်ဆိုတာကို အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Aye Myat Thu’s fb
Credit:Cele Active World