အႏုပညာအလုပ္သာမက အသက္ေမြး၀မ္းေက်ာင္းပညာရပ္တစ္ခုကိုပါ စိတ္ပါ၀င္စားစြာ အားသြန္ခြန္စိုက္ေလ့လာေနတဲ့ နန္းစႏၵာလွထြန္း

Posted on

အႏုပညာအလုပ္သာမက အသက္ေမြး၀မ္းေက်ာင္းပညာရပ္တစ္ခုကိုပါ စိတ္ပါ၀င္စားစြာ အားသြန္ခြန္စိုက္ေလ့လာေနတဲ့ နန္းစႏၵာလွထြန္း

MRTV 4 မင္းသမီး တစ္လက္ျဖစ္တဲ့ နန္းစႏၵာလွထြန္းဟာ ပၪၥလက္႐ြာ၊ အရိပ္၊ ကြ်န္ေတာ္ အမုန္းဆံုးကြ်န္ေတာ္ စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ ေအာင္ျမင္မႈ ရရွိခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္းက သရုပ္ေဆာင္တစ္ေယာက္ပီပီ ဇာတ္လမ္းဇာတ္ရုပ္မ်ိဳးစံုကို သရုပ္ေဆာင္ခဲ့သလုိ သူမရဲ့ပီျပင္လွတဲ့ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို အခုိင္အမာရရိွထားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

လူငယ္တစ္ေယာက္ ပီပီ အျမဲတမ္းအသစ္ အဆန္းေတြ ေလ့လာသင္ ယူျဖစ္ေနတဲ့ နန္းစႏၵာလွထြန္းက လတ္တေလာ မွာလည္း ပညာရပ္အသစ္တစ္ခုကို စိတ္ပါဝင္စားစြာ သင္ယူေနလ်က္ရိွပါတယ္။ နန္းစႏၵာလွထြန္းကေတာ့ ရိုက္ကူးေရးအလုပ္ေတြအားလပ္ခ်ိန္မွာ စက္ခ်ဳပ္ပညာကိုသင္ယူေနလ်က္ရိွျပီး သူမကိုယ္တုိင္အဝတ္အထည္ေလးေတြခ်ဳပ္လုပ္တတ္ဖို့ ေလ့လာေနတာပဲျဖစ္ပါတယ္။

နန္းစႏၵာလွထြန္း ကေတာ့ ဝါသနာပါတဲ့ အလုပ္ကိုလုပ္ေနရလို ့ ေပ်ာ္ရႊင္ေနတာပဲျဖစ္ပါတယ္။ နန္းနန္းတစ္ေယာက္ ဝါသနာပါတဲ့ အလုပ္ေတြကို အျမဲတမ္းေလ့လာသင္ယူနိုင္ျပီး ေအာင္ျမင္မႈေတြမ်ားစြာရရိွနုိင္ပါေစေနာ္။

Source: Nan Sandar Hla Htun ‘s fb
Credit:Cele Active World

အနုပညာအလုပ်သာမက အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုပါ စိတ်ပါဝင်စားစွာ အားသွန်ခွန်စိုက်လေ့လာနေတဲ့ နန်းစန္ဒာလှထွန်း

MRTV 4 မင်းသမီး တစ်လက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းဟာ ပ ဉ္စလက်ရွာ၊ အရိပ်၊ ကျွန်တော် အမုန်းဆုံးကျွန်တော် စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သရုပ်ဆောင်တစ်ယောက်ပီပီ ဇာတ်လမ်းဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ခဲ့သလို သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လူငယ်တစ်ယောက် ပီပီ အမြဲတမ်းအသစ် အဆန်းတွေ လေ့လာသင် ယူဖြစ်နေတဲ့ နန်းစန္ဒာလှထွန်းက လတ်တလော မှာလည်း ပညာရပ်အသစ်တစ်ခုကို စိတ်ပါဝင်စားစွာ သင်ယူနေလျက်ရှိပါတယ်။ နန်းစန္ဒာလှထွန်းကတော့ ရိုက်ကူးရေးအလုပ်တွေအားလပ်ချိန်မှာ စက်ချုပ်ပညာကိုသင်ယူနေလျက်ရှိပြီး သူမကိုယ်တိုင်အဝတ်အထည်လေးတွေချုပ်လုပ်တတ်ဖို့ လေ့လာနေတာပဲဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်း ကတော့ ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေရလို ့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ နန်းနန်းတစ်ယောက် ဝါသနာပါတဲ့ အလုပ်တွေကို အမြဲတမ်းလေ့လာသင်ယူနိုင်ပြီး အောင်မြင်မှုတွေများစွာရရှိနိုင်ပါစေနော်။

Source: Nan Sandar Hla Htun ‘s fb
Credit:Cele Active World