Source: John Lwinး’s fb
နှစ်လလောက်က ပြခဲ့တဲ့ဇာတ်လမ်းတွဲထဲက ဇာတ်ပို့မင်းသားတစ်လက်ဟာ လိင်တူချစ်သူထားရှိကြောင်း ဖော်ထုတ်လိုက်တဲ့ ဂျွန်လွင်
Stars & Models Int’l Yangon ရဲ့ ဦးစီးတည်ထောင်သူဖြစ်တဲ့ ဂျွန်လွင်ဟာ သူကိုယ်တိုင် လည်း မော်ဒယ်လ် တစ်ယောက်အဖြစ် အနုပညာလမ်းခရီးကို လျှောက်လှမ်းခဲ့သလို အသက်အရွယ် တစ်ခုရောက်ရှိလာပြီး ဝါရင့်သမ္ဘာရင့်တစ်ယောက်ဖြစ် လာချိန်မှာလည်း မော်ဒယ်လ်တွေ များစွာကို မွေးထုတ်ပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး မှန်ရာကို ရဲရဲဝံ့ဝံ့ပြောဆို တတ်တဲ့ ဂျွန်လွင်ဟာ ဒီကနေ့မှာလည်း လိင်တူချစ်တဲ့သရုပ်ဆောင် တစ်ယောက်ရဲ့အကြောင်းကို ဖော်ထုတ်လာခဲ့ပါတယ်။
ဂျွန်လွင်က “လွန်ခဲ့တဲ့ 2 လ က ပြတဲ့ ဇာတ်လမ်းတွဲ က ဇာတ်ပို့ သရုပ်ဆောင် ထဲ မှာ တွန်း နိုး တယောက် ရှိတယ် သိကြလားဟင်? မေးစေ့ကလဲ filler ထိုးထားတယ် ယီးစားက ဟန် ပြ လဲရှိတယ်( မသိပဲအရှခံတဲ့မိန်းမကြီးလဲ သနားစရာ) ဘောလုံးလဲကန်တယ်။ တခုရှိသေးတယ်။ ဒီတွန်းနိုးက လဲ သီချင်းဆိုပြိုင်ပွဲ ကနံမည် ကြီး presenter နဲ့ လဲ အကြီးအကျယ် ပေါ့။ တွန်းနိုး = ………,သိရင် comment မှာရေးခဲ့ကြပါ။ မှတ်ချက် လူလောကမှာ ကိုယ်ဘာလဲသိရဲ့နဲ့ ဖုန်းကွယ်ထားတဲ့သူတွေကို အရမ်းမုန်းလို့ပါ။ လူတိုင်းလွတ်လပ်ပိုင်ခွင့် ရှိတယ် သိုသော် သူတပါးကို လိမ်လည်လှည့်ဖျားခွင့်မရှိ။ ငါတိုကြတော့ အရှိ အရှိတိုင်းနေတော့ ငါတို့က သူတော်ကောင်း မဟုတ် မသိရင် သူက သူတော်ကောင်း ” ဆိုပြီး ဖော်ထုတ်လာခဲ့တာဖြစ်ပါတယ်။
ဂျွန်လွင် ကတော့ ကိုယ်ဘာလဲ ဆိုတာကို သိရဲ့နဲ့ သူတစ်ပါးကို ဖုံးကွယ်ထားတဲ့ သူတွေကို အရမ်းမုန်းတာကြောင့် နာမည်ကြီးဇာတ်ပို့ သရုပ်ဆောင်မင်းသားရဲ့ ဖြစ်တည်မှုအမှန်ကို ဖော်ထုတ်လာ ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဂျွန်လွင်ပြောတာ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားနေလောက်ပြီထင်ပါတယ်နော်။
Source: John Lwinး’s fb
Credit:Cele Active World