ပရိသတ္ေတြေစာင့္ေမွ်ာ္ၾကည့္ရႈဖို႕ ဇာတ္လမ္းတိုထဲက ပံုရိပ္ေလးတစ္ခ်ိဳ႕ကို ဗီဒီယိုေလးနဲ႕ျပသလာတဲ့ ဝီလီယံနဲ႕ပန္းေရာင္ျခယ္

Posted on

ပရိသတ္ေတြေစာင့္ေမွ်ာ္ၾကည့္ရႈဖို႕ ဇာတ္လမ္းတိုထဲက ပံုရိပ္ေလးတစ္ခ်ိဳ႕ကို ဗီဒီယိုေလးနဲ႕ျပသလာတဲ့ ဝီလီယံနဲ႕ပန္းေရာင္ျခယ္

အဆို ေတာ္ႀကီး ဂေရဟမ္ ရဲ႕ သမီးႀကီးျဖစ္သူ ပန္းေရာင္ျခယ္ ကေတာ့ သာယာၾကည္ ေအး တဲ့ အသံေလးကို ပိုင္ဆိုင္ ထား႐ုံ သာမက ျမင္သူတိုင္း ခ်စ္ခင္ရတဲ့ မ်က္ႏွာလွလွေလး ကိုပါ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ပန္းေရာင္ျခယ္က သူမဖခင္ ရဲ႕ ေျခရာကိုနင္းၿပီး အဆိုေတာ္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ ေၾကာ္ျငာေတြကိုပါ ႐ိုက္ကူးေနၿပီး “လိပ္ျပာ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္ မင္းသမီးတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ အမ်ိဳးမ်ိဳးေသာ အႏုပညာလႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ Project K အဖြဲ႕က အဆိုေတာ္ ဝီလီယံနဲ႔ တြဲဖက္ၿပီး “ပိုင္သူႏွင့္ယမင္း” ဆိုတဲ့ ဇာတ္လမ္းတိုေလး မွာလည္း သ႐ုပ္ေဆာင္ခဲ့တဲ့ ပန္းေရာင္ျခယ္က ဒီကေန႔မွာေတာ့ ဇာတ္လမ္းထဲကပုံရိပ္ေလးေတြနဲ႔တကြ official trailer ေလးကိုပါ ျပသလာပါတယ္။ ပရိသတ္ႀကီးအတြက္ ပန္းေရာင္ျခယ္နဲ႔ ဝီလီယံတို႔သ႐ုပ္ေဆာင္ထားတဲ့ “ပိုင္သူ ႏွင့္ ယမင္း” 💙 [official trailer] ေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ပန္းေရာင္ျခယ္ကေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲ ဝင္ေရာက္ခဲ့သူ မဟုတ္ေပမယ့္ သဘာဝက်က် သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဇာတ္လမ္းေတြတစ္ခုၿပီးတစ္ခု႐ိုက္ကူးေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပန္းေရာင္ျခယ္နဲ႔ ဝီလီယံတို႔ရဲ႕ “ပိုင္သူႏွင့္ယမင္း” ဇာတ္ကားေလးကို လာမယ့္ (၂၇) ရက္ေန့ ည(၇) နာရီမွာ ပန္းေရာင္ျခယ္ရဲ့ေဖ့စ္ဘုတ္ေပ့ခ်္မွာ ေစာင့္ေမွ်ာ္အားေပးနိုင္ပါတယ္ေနာ္။

Source: Pan Yaung Chel’s fb
Credit:Cele Active World

ပရိသတ်တွေစောင့်မျှော်ကြည့်ရှုဖို့ ဇာတ်လမ်းတိုထဲက ပုံရိပ်လေးတစ်ချို့ကို ဗီဒီယိုလေးနဲ့ပြသလာတဲ့ ဝီလီယံနဲ့ပန်းရောင်ခြယ်

အဆို တော်ကြီး ဂရေဟမ် ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ် ကတော့ သာယာကြည် အေး တဲ့ အသံလေးကို ပိုင်ဆိုင် ထားရုံ သာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေး ကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပန်းရောင်ခြယ်က သူမဖခင် ရဲ့ ခြေရာကိုနင်းပြီး အဆိုတော် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင် မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ပန်းရောင်ခြယ်ကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အမျိုးမျိုးသော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် Project K အဖွဲ့က အဆိုတော် ဝီလီယံနဲ့ တွဲဖက်ပြီး “ပိုင်သူနှင့်ယမင်း” ဆိုတဲ့ ဇာတ်လမ်းတိုလေး မှာလည်း သရုပ်ဆောင်ခဲ့တဲ့ ပန်းရောင်ခြယ်က ဒီကနေ့မှာတော့ ဇာတ်လမ်းထဲကပုံရိပ်လေးတွေနဲ့တကွ official trailer လေးကိုပါ ပြသလာပါတယ်။ ပရိသတ်ကြီးအတွက် ပန်းရောင်ခြယ်နဲ့ ဝီလီယံတို့သရုပ်ဆောင်ထားတဲ့ “ပိုင်သူ နှင့် ယမင်း” 💙 [official trailer] လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပန်းရောင်ခြယ်ကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲ ဝင်ရောက်ခဲ့သူ မဟုတ်ပေမယ့် သဘာဝကျကျ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်လမ်းတွေတစ်ခုပြီးတစ်ခုရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်နဲ့ ဝီလီယံတို့ရဲ့ “ပိုင်သူနှင့်ယမင်း” ဇာတ်ကားလေးကို လာမယ့် (၂၇) ရက်နေ့ ည(၇) နာရီမှာ ပန်းရောင်ခြယ်ရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ စောင့်မျှော်အားပေးနိုင်ပါတယ်နော်။

Source: Pan Yaung Chel’s fb
Credit:Cele Active World