
Posted on





Source: May Kabyar’s fb

ရွှေဘော်လီကြိုးလေးနဲ့ ပရိသတ်ကြီးအံ့သြသွားအောင် မြန်မာဆန်ဆန်လေး ဝတ်ဆင်ကာ မိမိုက်တဲ့ပုံရိပ်တွေကို ပြသလာတဲ့ မေကဗျာ

မင်းသမီးချော မေကဗျာ ကတော့ (၂၀၀၀) ခုနှစ်ပတ်ဝန်းကျင်က အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ မေကဗျာ ကတော့ ညိုစိမ့်စိမ့်လေးနဲ့ တမူထူးခြား လှပသူမို့ ပရိသတ်တွေကြား ထဲမှာ ညိုချောမင်းသမီးလေး အဖြစ် တင်စားခံရတာပဲ ဖြစ်ပါတယ်။ မေကဗျာက နောက်ပိုင်း မှာတော့ ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပဲ မိသားစုစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေလျက် ရှိပါတယ်။

ဒီကနေ့ မှာတော့ မေကဗျာက သူမရဲ့ ထူးထူးခြားခြား ပုံရိပ်လေး တစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ မေကဗျာက “❤️သို့ မေမေ❤️ မေမေဆင်ပေးတဲ့အိမ်ကအထည်လေးနဲ့လှပလိုက်ဖက်အောင် ကိုကြီးကိုလတ်ကချုပ်ပေး အောင်သမာဓိကမမဖြူကဒေါင်းဘယက် ရွှေဘော်လီကြိုးလေးဆင်ပေးတော့ မေမေသမီးလေးဒီနေ့လှနေတာပေါ့ ❤️ကျေးဇူးပါ❤️” ဆိုပြီး အောင်သမာဓိက ဆင်မြန်းပေးထားတဲ့ ရွှေသားအစစ်ရွှေဘော်လီကြိုးလေးနဲ့ အရမ်းလှနေတဲ့ သူမရဲ့ ပုံရိပ်ကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။

မေကဗျာကတော့ ထူးထူးခြားခြာ းရွှေဘော်လီကြိုးလေးနဲ့ မြန်မာဆန်ဆန် အရမ်းကျက်သရေ ရှိနေတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ မြန်မာဆန်ဆန် ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

Source: May Kabyar’s fb
Credit:Cele Active World