း
Source: Aye Thaung’s fb
သူများကိစ္စကို ဝင်စပ်စုတတ်တဲ့လူတစ်ချို့အကြောင်းကို သူမရဲ့အကျင့်လေးနဲ့နှိုင်းယှဉ်ကာပညာသားပါပါ တုံ့ပြန်ချေပလာတဲ့ မအေးသောင်း
သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်တွေ ကိုလည်း အမြဲတမ်းပျော်ရွှင်မှုတွေ မျှဝေပေးလေ့ရှိတဲ့ မအေးသောင်းက ဒီကနေ့မှာလည်း သူမချစ်တဲ့ ပရိသတ်တွေကို အတည်ပေါက်နဲ့ စနောက်ခဲ့တာ ကို တွေ့ရပါတယ်။
မအေးသောင်းက သူများကိစ္စကို စိတ်ဝင်စားပြီး စပ်စုတတ်တဲ့ လူတွေကို သူမရဲ့အကျင့်လေးနဲ့ နှိုင်းယှဉ်ပြီး စနောက်အရွှန်းဖောက်ထ ားခဲ့ပါတယ်။ မအေးသောင်းက “ဖျာခင်းထားပါနော် – – – – – – – – – အံမယ် ကျမ လိုပဲစပ်စု တာတော့… အိပ်မလို့ဖျာခင်းထားလို့ပြောတာ ” ဆိုပြီး စပ်စုတတ်တဲ့ လူတွေရဲ့ အကျင့်ကို အတည်ပေါက်နဲ့ အရွှန်းဖောက်လာ ခဲ့တာပဲဖြစ်ပါတယ်။
မအေးသောင်း ကတော့ အရင်ကတည်းက ပျော်ပျော်နေတတ်သူ ဆိုပေမယ့် အခုဆိုရင် သူမရဲ့ကြင်စဦးအိမ်ထောင်သည် ဘဝမှာ အရင်ကထက်ပိုပြီး ပျော်ရွှင်နေတယ်ဆိုတာကို သူမရဲ့အပြုအမူလေးတွေကြည့်ပြီး သိနိုင်ပါတယ်။ မအေးသောင်းတစ်ယောက် အခုလိုပဲ အမြဲတမ်းပျော်ရွှင်နိုင်ပါစေနော်။
Source: Aye Thaung’s fb
Credit:Cele Active World