သူမရဲ့မွေးနေ့မှာ ခိုင်နှင်းဝေပရဟိတဂေဟာကို ငွေကျပ်သိန်းပေါင်းများစွာလှူဒါန်းကာ မွန်မြတ်တဲ့ကုသိုလ်လေးတစ်ခုပြူလုပ်ခဲ့တဲ့ မမဆောင်း
အဆင်းရော အချင်းပါပြည့်စုံသူလေး တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ပရိသတ်တွေက ပရဟိတ မင်းသမီ းတစ်ယောက် လို့တောင် သက်မှတ်ခံထားရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး အများသူငါ အတွက် ကိုယ်ကျိုးစွန့်ကူညီနေသူလေး ဖြစ်ပါတယ်။ အဲ့ဒါအတွက်ကြောင့်ပဲ ခိုင်နှင်းဝေက ပရိသတ်တွေကြားထဲမှာသာမက အနုပညာညီအစ်ကိုမောင်နှမတွေကပါ ချစ်ခင်လေးစားခြင်းခံရသူဖြစ်ပါတယ်။
မနေ့က မေလ (၂၂) ရက်နေ့ မှာလည်း သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း မမဆောင်း ကလည်း သူမရဲ့ မွေးနေ့အတွက် ခိုင်နှင်းဝေရဲ့ ဂေဟာကို အလှူငွေ ဆယ်သိန်းလှူဒါန်းခဲ့ပါတယ်။ ခိုင်နှင်းဝေကလည်း သူမရဲ့ဂေဟာကို သတိတရလှူဒါန်းပေးတဲ့ မမဆောင်းကို “Happy Birthday ပါ ဆောင်းရေ..🎂🎁🎈🎉… ကလေးတွေကို လာလှုပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်နော်..သာဓု သာဓု သာဓု ပါရှင်..❤️❤️” ဆိုပြီး ကျေးဇူးတင်စကားပြောလာပါတယ်။
ခိုင်နှင်းဝေ ကတော့ သူမရဲ့ ဂေဟာကို လာရောက်လှူဒါန်းကြတဲ့ အနုပညာရှင်ဖြစ်ဖြစ် အလှူရှင်ဖြစ်ဖြစ် တစ်ယောက်ချင်းစီတိုင်း ကို လေးစားသူတွေဖြစ်ပါတယ်။ မွေးနေ့ရှင် မမဆောင်းလည်း ဒီထက်မက လှူနိုင်တန်းနိုင်ပြီး အောင်မြင်မှုတွေရရှိပါစေနော်။
Source: Khine Hnin Wai ‘s fb
Credit:Cele Active World