
Posted on






သူမကို စောင်းချိတ်ပြောဆိုကာ လေလုံးထွားနေတဲ့ နံမည်ကြီးမင်းသားတစ်လက်အကြောင်းကို ကွက်ကွက်ကွင်းကွင်းနဲ့ အောက်ဖဲလှန်လိုက်တဲ့ သင်္ဇာမြင့်မိုရ်

သရုပ်ဆောင် သင်္ဇာမြင့်မိုရ် ကတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူ တစ်ယောက်ပါ။ သင်္ဇာမြင့်မိုရ်က စစ်အာဏာ သိမ်းမှုဖြစ်စဉ်မှာ ပြည်သူတွေ ဘက်ကနေ ရပ်တည်ခြင်းမရှိပဲ စစ်ကောင်စီဘက်ကို သိသိသာသာတိမ်းညွှတ် ခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒီကနေ့မှာတော့ သင်္ဇာမြင့်မိုရ်က သူမရဲ့အကြောင်းကို နောက်ကွယ်မှ ာသွားပုပ်လေလွင့်ပြောတဲ့ နာမည်ကြီးမင်းသားအကြောင်းကို အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။သင်္ဇာမြင့်မိုရ်က “မင်းသားတစ်လက် မြင်စေရန်.. ဒါမျိုးတွေ မရေးချင် မပြောချင်သော်လည်း.. ယောက်ျားတန်မယ့် စောင်းချိတ်ပြောဆို ရေးသားတတ်သော .. စောင်တင်းပြောတဲ့နေရာ နာမည်ကြီးသူ 🙏🏻🤣 ကိုယ်တွဲနေတဲ့ မင်းသမီးချစ်သူလေးက မိန်းမကောင်းလေးမို့ .. သူများသားသမီးတွေကို လာထိပါးနေတာ လားဟင်?မသိလို့ပါ..

ကျွန်မက.. ရည်းစား တစ်ယောက်နဲ့ပြတ်လို့ တစ်ယောက်တွဲတာ။ (သူများရည်းစား/ သူများယောက်ျား/မိန်းမ) နဲ့ တွဲနေကြ တာလည်း မဟုတ် ..အစ်ကို့စော်လေးလို.. အစ်ကိုရှိလျှက်နဲ့ သူများ ပေးစာ ကမ်းစာယူနေတာမျိုး အစ်ကိုကိုယ်တိုင် ထိုးကျွေးတာမျိုး🤣 Ex နဲ့ Date တာမျိုး လက်ရှိနေထိုင်သောနေရာနဲ့ အစ်ကို လိုက်မောင်းနေတဲ့ကားလေးက ဘယ်က ရ ထားလဲ? သိလျှက်နဲ့ အစ်ကိုရယ်.. အဲဒါကမှ အစ်ကို့နေရာ ဘာလဲ? 😁”“ညီမက.. မပတ်သတ်ချင်လို့တောင် Unfriend လုပ်လိုက်ပြီး မကြည့်ပဲနေတာလေ.. ဘာအကြောင်းမှ စိတ်မဝင်စားလို့ 😌 ခုလို ရက်နည်းနည်းကြာမှ သူများပြမှ သိရတော့ ခုလို အောက်ဖဲလှန်တာတောင် နောက်ကျသွားလားမသိဘူး..🤣အစ်ကိုအ သိဆုံးပါနော်..

သင်္ဇာမြင့်မိုရ်ဆိုတာ.. ဘယ်သူ့ ပေးကမ်းစာနဲ့မှ အသက်ဆက်နေတာ မဟုတ်ဘူး။ ကိုယ့်စည်း ကိုယ့်ကမ်းနဲ့ ကိုယ့်ကိုယ် ကျင့်တရားနဲ့ နေလာတဲ့ မိန်းမပါ။ မထိခလုတ် ထိခလုတ်နဲ့ -ျင် ထထမယားပါနဲ့။ တန်ရာ တန်ရာ တုံ့ပြန်ပေးလိုက်ပါတယ်ရှင့်။ အေးချမ်းပါစေနော်.. PSဪ.. မသိပဲ.. ကိုယ် မှားမှားမှန်မှန် ဘာညာ လာရေးနေသေးတယ် 🙄 စုံစမ်းပါဦး အဲ့လင်မယားအကြောင်းလည်း.. ဘယ်အခမ်းအနားတွေခိုးတက်ပြီး ဘယ်နှစ်ကြိမ် မ ပြီးပြီလဲ ဆွာ 🤣 အိပ်ကြပါတော့ဗျာ.. မနက်အလုပ်ပိတ်လည်း.. အိပ်ရေးဝဝ အိပ်ကြပါ.. 😒” ဆိုပြီး တင်လာခဲ့တာဖြစ်ပါတယ်။သင်္ဇာမြင့်မိုရ်ကတော့ သူမရဲ့အကြောင်းကို စောင်းချိတ်ပြောဆိုတတ်တဲ့ မင်းသားကို တန်ရာ တန်ရာ တုံ့ပြန်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သင်္ဇာမြင့်မိုရ်ပြောတဲ့ မင်းသားဟာ ဘယ်သူများဖြစ်နေမလဲဆိုတာ သိချင်နေကြတာပဲဖြစ်ပါတယ်။

Source: Thinzar Myintmo ‘s fb
Credit ; Cele Active World