ရင္နဲ႕အမွ်ခံစားေနရတဲ့ သူမရဲ႕ခံစားခ်က္ေတြကို ပန္းခ်ီကားေလးေရးဆြဲကာ ပရိသတ္ႀကီးသိေအာင္ အသိေပးလာတဲ့ သ႐ုပ္ေဆာင္ေဖြးေဖြး

Posted on

ရင္နဲ႕အမွ်ခံစားေနရတဲ့ သူမရဲ႕ခံစားခ်က္ေတြကို ပန္းခ်ီကားေလးေရးဆြဲကာ ပရိသတ္ႀကီးသိေအာင္ အသိေပးလာတဲ့ သ႐ုပ္ေဆာင္ေဖြးေဖြး

တစ္နုိင္ငံလံုးက ပရိသတ္ေတြခ်စ္ရတဲ့ သရုပ္ေဆာင္မေလး ေဖြးေဖြး ကေတာ့ အကယ္ဒမီသံုးဆုတိတိကို ဆြတ္ခူးပိုင္ဆိုင္ထားနိုင္ရံုသာမက နုိင္ငံရပ္ျခားက ရုပ္ရွင္ထူးခြ်န္ဆုေတြကိုလည္း ရရိွပိုင္ဆိုင္ထား သူျဖစ္ပါတယ္။ ေဖြးေဖြးက ျပီးခဲ့တဲ့နွစ္မွာ နုိင္ငံေရး လႈပ္ရွားမႈေၾကာင့္ မတရားဝရမ္းထုတ္ခံခဲ့ရျပီး သူမတိမ္းေရွာင္ေနစဥ္အခ်ိန္အတြင္းမွာပဲ ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့ တာေၾကာင့္ ေတာ္ေတာ္ေလး စိတ္ထိခိုက္ဝမ္းနည္းခဲ့ရတာပဲျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ အလုပ္ေတြျပန္လည္လုပ္ကိုင္ျခင္း မရိွေသးတဲ့ ေဖြးေဖြးဟာ သူမရဲ့ ပရိသတ္ေတြနဲ့လည္း မဆံုျဖစ္ခဲ့တာၾကာျပီ ပဲျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေဖြးေဖြးက သူမရဲ့ေဖ့စ္ဘုတ္ Story မွာ သူမအေနနဲ့ Overthinking ျဖစ္ေနတဲ့အေၾကာင္းကို ပန္းခ်ီပံုေလးနဲ့ ေဖာ္ျပခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ေဖြးေဖြးကေတာ့ ပန္းခ်ီဆြဲရတာဝါသနာပါ သူပီပီ သူမရဲ့လက္ရိွ စိတ္ခံစားခ်က္ကုိ ပန္းခ်ီေလးနဲ့ ေဖာ္ျပထား တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေဖြးေဖြးကို အရင္အတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါးေလးျမင္ခ်င္ေနၾကျပီပဲျဖစ္ပါတယ္။

Source: Phway Phway ‘s fb
Credit:Cele Active World

ရင်နဲ့အမျှခံစားနေရတဲ့ သူမရဲ့ခံစားချက်တွေကို ပန်းချီကားလေးရေးဆွဲကာ ပရိသတ်ကြီးသိအောင် အသိပေးလာတဲ့ သရုပ်ဆောင်ဖွေးဖွေး

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင်မလေး ဖွေးဖွေး ကတော့ အကယ်ဒမီသုံးဆုတိတိကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ရုံသာမက နိုင်ငံရပ်ခြားက ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထား သူဖြစ်ပါတယ်။ ဖွေးဖွေးက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရားဝရမ်းထုတ်ခံခဲ့ရပြီး သူမတိမ်းရှောင်နေစဉ်အချိန်အတွင်းမှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ တာကြောင့် တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အလုပ်တွေပြန်လည်လုပ်ကိုင်ခြင်း မရှိသေးတဲ့ ဖွေးဖွေးဟာ သူမရဲ့ ပရိသတ်တွေနဲ့လည်း မဆုံဖြစ်ခဲ့တာကြာပြီ ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ဖေ့စ်ဘုတ် Story မှာ သူမအနေနဲ့ Overthinking ဖြစ်နေတဲ့အကြောင်းကို ပန်းချီပုံလေးနဲ့ ဖော်ပြခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဖွေးဖွေးကတော့ ပန်းချီဆွဲရတာဝါသနာပါ သူပီပီ သူမရဲ့လက်ရှိ စိတ်ခံစားချက်ကို ပန်းချီလေးနဲ့ ဖော်ပြထား တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖွေးဖွေးကို အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေးမြင်ချင်နေကြပြီပဲဖြစ်ပါတယ်။

Source: Phway Phway ‘s fb
Credit:Cele Active World