လမ်းခွဲလိုက်ပြီလို့ပြောပြီး ထက်ယံရဲ့မင်္ဂလာဆောင်မှာ စုံတွဲပုံတွေတွေ့ရတာကြောင့် ပရိသတ်တွေကြားပွဲဆူနေတဲ့ ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့ပုံရိပ်များ
ချစ်စရာကောင်းပြီး ဆွဲဆောင်မှု အပြည့်နဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဧငြိမ်းဖြူနဲ့ အဆိုတော် ရဲရင့်အောင် ကတော့ လိုက်ဖက်ညီတဲ့စုံတွဲတွေ အဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူဖြစ်ပါတယ်။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို ့ကတော့ လူငယ်သမီးရည်းစားတွေပီပီ တစ်ယောက်နဲ့တစ်ယောက် မကြာခဏဆိုသလို စိတ်ဆိုး စိတ်ကောက်လေ့ရှိပြီး လမ်းခွဲပြီလို့လည်း ခဏခဏအသိပေးခဲ့ဖူးကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲလေးကို ချစ်ချစ်ခင်ခင်နဲ့ အမြဲတမ်းရှိနေစေချင်ကြတာပဲဖြစ်ပါတယ်။
လမ်းခွဲလိုက်ပြီလို့ ပရိသတ်တွေကို အသိပေးထား ခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သား သတို့သမီးအရံတွေအဖြစ် ဆောင်ရွက်ပေး ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံ သတို့သမီးအရံတွေအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့ အခုဆိုရင် အရင်အတိုင်း ပြန်လည် အဆင်ပြေနေကြပြီပဲဖြစ်ပါတယ်။ ရဲရင့်အောင်တို့ အတွဲလေး ရန်မဖြစ်ပဲ အခုလိုပဲ အမြဲတမ်း ချစ်ချစ်ခင်ခင်ရှိနေနိုင်ကြပါစေနော်။
Source: Yair Yint Aung’s fb
Credit:Cele Active World