အစ္ကိုျဖစ္သူနဲ႕ပတ္သက္ၿပီး သူတင္လိုက္တဲ့ပို႕စ္မွာ ေ၀ဖန္မႈေတြျမင့္တက္ေနတဲ့အေပၚ ရင္ထဲကစိတ္ရင္းအမွန္ကို ဖြင့္ဟလိုက္တဲ့ ပိုင္တံခြန္ရဲ႕ညီ ရွင္ဘုန္းျပည့္

Posted on

အစ္ကိုျဖစ္သူနဲ႕ပတ္သက္ၿပီး သူတင္လိုက္တဲ့ပို႕စ္မွာ ေ၀ဖန္မႈေတြျမင့္တက္ေနတဲ့အေပၚ ရင္ထဲကစိတ္ရင္းအမွန္ကို ဖြင့္ဟလိုက္တဲ့ ပိုင္တံခြန္ရဲ႕ညီ ရွင္ဘုန္းျပည့္

သ႐ုပ္ေဆာင္ေမာ္ဒယ္လ္ ပိုင္တံခြန္ ကေတာ့ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားသလို မိသားစုေကာင္း တစ္ခုကိုလည္း ပိုင္ဆိုင္ထား သူျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ႕ညီျဖစ္သူ ရွင္ဘုန္းျပည့္ ကလည္း အခုဆိုရင္ အႏုပညာလမ္းေၾကာင္းေပၚ ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး ပိုင္တံခြန္ရဲ႕ေျခရာကိုနင္းႏိုင္ဖို႔ ႀကိဳးစားေနသူျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ရွင္ဘုန္းျပည့္က သူတင္လိုက္တဲ့ My Day ေလးတစ္ခုကို ပုံႀကီးခ်ဲ႕သူေတြေၾကာင့္ အစ္ကိုျဖစ္သူပိုင္တံခြန္အေပၚ ေစာ္ကားသလိုျဖစ္သြားရတယ္ဆိုၿပီး အခုလိုမ်ိဳးေျပာလာပါတယ္။

ရွင္ဘုန္းျပည့္က “ဒီသတင္းက ရင္ထဲမေကာင္းဘူးျဖစ္ 0သြားတယ္။ ခင္ဗ်ားတို ႔ပရိတ္သတ္ေတြကို ဆြဲေဆာင္ေအာင္ေရးထားေပမဲ့ my dayေလးတစ္ခုကိုပုံႀကီးခ်ဲ႕ၿပီးမေျပာလိုက္ပါနဲ႔ က်ေနာ္Accထဲမွာ ကိုပိုင္ကိုထိခိုက္ေအာင္ေရး ထားတာ ေက်ာ္ႏိုင္ေအာင္ေရး ထားတာ တစ္ခုမွမရွိသလိုစိတ္နဲ႔ေတာင္ မစဥ္းစားဖူးပါဘူး။ က်ေနာ္ခုလိုေနႏိုင္စားႏိုင္ေအာင္ကိုပိုင္ကပဲေထာက္ပံေပးေနတာ ကိုပိုင္လိုလူတစ္ေယာက္ကိုပစ္မွားဖို႔ေနေနသာသာစိတ္ကူးနဲ႔ေတာင္ မစဥ္းစားမိဘူး။ မိဘေတြကိုျပည္စုံေအာင္ထားႏိုင္တဲ့လူကိုက်ေနာ္ကမာန္မာနထားရမွလား ကြၽန္ေတာ္ ျမန္မာလူမ်ိဳးတစ္ေယာက္ပါ။ စိတ္ဓာတ္အဲ့ေလာက္ေအာက္တန္းမက်ပါဘူး။ မိဘအေပၚမွာေရာညီကိုေမာင္ႏွမအေပၚမွာပါဂ႐ုစိုက္ၿပီးလိုအပ္တာေတြအကုန္ျဖည့္ဆည္းေပးတဲ့ကိုပိုင္လိုလူမ်ိဳးကိုက်ေနာ္လိုက္ႏိုင္ဖို႔မေျပာနဲ႔ေျခဖ်ားမွီဖို႔ေတာင္ႀကိဳးစားရအုံးမွာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ကလဲ အကို႔လိုမိဘကို လုပ္ေကြၽးႏိုင္ေအာင္ ႀကိဳးစားခ်င္တာပါ သတင္းအမွားေတြေရးၿပီးေတာ့ပရိသတ္အႀကိဳက္လုပ္မယ့္အစားသူ႔ဘက္ကိုယ့္ဘက္မွ်ေတြးေပးပါ အမွားပါရင္ နားလည္ေပးပါ🙏🙏🙏🤍” ဆိုၿပီး ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။

ရွင္ဘုန္းျပည့္ ကေတာ့ မိသားစုအေပၚ တာဝန္ေက်ၿပီး ေမာင္ႏွမေတြ အေပၚမွာလည္း ေမတၱာေစတနာအျပည့္ ထားတဲ့ ပိုင္တံခြန္အေပၚ ပစ္မွားလိုစိတ္အလ်င္းမရွိတဲ့အျပင္ ပုံႀကီးခ်ဲ႕သူေတြေၾကာင့္လည္း စိတ္မေကာင္းျဖစ္ရတဲ့ အေၾကာင္းကို ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။

Source: Shin Bhone Pyae ‘s fb
Credit:Cele Active World

အစ်ကိုဖြစ်သူနဲ့ပတ်သက်ပြီး သူတင်လိုက်တဲ့ပို့စ်မှာ ဝေဖန်မှုတွေမြင့်တက်နေတဲ့အပေါ် ရင်ထဲကစိတ်ရင်းအမှန်ကို ဖွင့်ဟလိုက်တဲ့ ပိုင်တံခွန်ရဲ့ညီ ရှင်ဘုန်းပြည့်

သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားသလို မိသားစုကောင်း တစ်ခုကိုလည်း ပိုင်ဆိုင်ထား သူဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ညီဖြစ်သူ ရှင်ဘုန်းပြည့် ကလည်း အခုဆိုရင် အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပိုင်တံခွန်ရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရှင်ဘုန်းပြည့်က သူတင်လိုက်တဲ့ My Day လေးတစ်ခုကို ပုံကြီးချဲ့သူတွေကြောင့် အစ်ကိုဖြစ်သူပိုင်တံခွန်အပေါ် စော်ကားသလိုဖြစ်သွားရတယ်ဆိုပြီး အခုလိုမျိုးပြောလာပါတယ်။

ရှင်ဘုန်းပြည့်က “ဒီသတင်းက ရင်ထဲမကောင်းဘူးဖြစ် 0သွားတယ်။ ခင်ဗျားတို ့ပရိတ်သတ်တွေကို ဆွဲဆောင်အောင်ရေးထားပေမဲ့ my dayလေးတစ်ခုကိုပုံကြီးချဲ့ပြီးမပြောလိုက်ပါနဲ့ ကျနော်Accထဲမှာ ကိုပိုင်ကိုထိခိုက်အောင်ရေး ထားတာ ကျော်နိုင်အောင်ရေး ထားတာ တစ်ခုမှမရှိသလိုစိတ်နဲ့တောင် မစဉ်းစားဖူးပါဘူး။ ကျနော်ခုလိုနေနိုင်စားနိုင်အောင်ကိုပိုင်ကပဲထောက်ပံပေးနေတာ ကိုပိုင်လိုလူတစ်ယောက်ကိုပစ်မှားဖို့နေနေသာသာစိတ်ကူးနဲ့တောင် မစဉ်းစားမိဘူး။ မိဘတွေကိုပြည်စုံအောင်ထားနိုင်တဲ့လူကိုကျနော်ကမာန်မာနထားရမှလား ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ပါ။ စိတ်ဓာတ်အဲ့လောက်အောက်တန်းမကျပါဘူး။ မိဘအပေါ်မှာရောညီကိုမောင်နှမအပေါ်မှာပါဂရုစိုက်ပြီးလိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးတဲ့ကိုပိုင်လိုလူမျိုးကိုကျနော်လိုက်နိုင်ဖို့မပြောနဲ့ခြေဖျားမှီဖို့တောင်ကြိုးစားရအုံးမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ အကို့လိုမိဘကို လုပ်ကျွေးနိုင်အောင် ကြိုးစားချင်တာပါ သတင်းအမှားတွေရေးပြီးတော့ပရိသတ်အကြိုက်လုပ်မယ့်အစားသူ့ဘက်ကိုယ့်ဘက်မျှတွေးပေးပါ အမှားပါရင် နားလည်ပေးပါ🙏🙏🙏🤍” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

ရှင်ဘုန်းပြည့် ကတော့ မိသားစုအပေါ် တာဝန်ကျေပြီး မောင်နှမတွေ အပေါ်မှာလည်း မေတ္တာစေတနာအပြည့် ထားတဲ့ ပိုင်တံခွန်အပေါ် ပစ်မှားလိုစိတ်အလျင်းမရှိတဲ့အပြင် ပုံကြီးချဲ့သူတွေကြောင့်လည်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Shin Bhone Pyae ‘s fb
Credit:Cele Active World