Source – Thandar Zaw
Credit – CeleGabar
အဖိုးမဖြတ်နိုင်တဲ့သမီးလေးကိုပိုင်ဆိုင်ခွင့်ပေးပြီး သူမလိုချင်တဲ့မိသားစုဘဝကိုဖန်တီးပေးတဲ့ လောကကြီးကို စကားလေးတစ်ခွန်းပြောလိုက်တဲ့ ဘေဘီမောင်
ပရိသတ်ကြီးရေ ဘေဘီမောင် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဘေဘီကတော့ လက်ရှိမှာ သမီးဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်အချိန်မျာမွေးဖွားတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။
ဘေဘီမောင် ကတော့ သမီးလေးကို မွေးဖွားခါနီးသမီးလေး အပေါ်ထားရှိတဲ့ သူ့ရဲ့ခံစားချက်တွေကို “ကျွန်မတို့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်။ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ် ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံး အစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာ
အေးချမ်းတဲ့ မိသားစုလေး ဖန်တီးပေးတဲ့လောကကြီးရေ”ဆိုပြီး သမီးလေးကိုတွေ့ရတော့မှာမို့ ရင်ခုန်စိတ် လှုပ်ရှားကာ ဝမ်းသာပီတိဖြစ်နေခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမျှဝေထားခဲ့ပါတယ်။ပရိသတ်ကြီးရေ ပထမဆုံးရင်သွေးလေးဆိုတော့ မိဘတွေကစိတ်လှုပ်ရှားပျော်ရွှင်နေတာကတော့ သဘာဝပါပဲနော်။
Source – Thandar Zaw
Credit – CeleGabar