Credit:Cele Only
တစ်ချိန်က အမျိုးသားထုကြီးပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ Noအဖွဲ့ဝင်တွေထဲက တစ်ယောက်ကိုတန်ဖိုးရှိတဲ့စကားလေးနဲ့မွေးနေ့ဆုတောင်းပေးလာတဲ့ ညီနန္ဒ
တစ်ခေတ် တစ်ခါက သီချင်းကောင်းများစွာကို သီဆိုခဲ့တဲ့ ပရိသတ် အသည်းစွဲ အဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ No အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ခပ်ချောချောအဖွဲ့ဝင် ကောင်မလေး သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ပရိသတ်တွေကြားမှာ အတော်လေးအောင်မြင်မူ့ ရခဲ့တာပဲ ဖြစ်ပါတယ်။ သဇင်၊ရတနာ၊ရည်မွန် တို့နဲ့ဖွဲ့စည်းထားတဲ့ No အဖွဲ့ဟာ အဆိုကောင်းတဲ့အပြင် ချောမောလွန်းတာကြောင့် ယောက်ကျားလေးပရိသတ်တွေရဲ့ အသည်းစွဲအဖွဲ့တစ်ခုလဲ ဖြစ်ခဲ့တာပါနော်။
တစ်ချိန်က No အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရတနာ ရဲ့မွေးနေ့လေး ကို ညီနန္ဒ က အခုလိုပဲ မွေးနေ့ဆုတောင်းပေးထား ပါတယ်။ ” Happy belated birthday ပါ ညီမလေး…အခုမှခရီးကပြန်ရောက်လို့ ဆုတောင်းနောက်ကျ သွားတာ တောင်းပန်ပါတယ်…မွေးနေ့(၁၅.၅.၂၂) မှာ သတိတရနဲ့ ထောပတ်ထမင်းတွေ အများကြီးအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ညီမလေး…”လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါအပြင် ထောပတ်ထမင်းတွေ အများကြီးအားပေးထားလို့လဲ ကျေးဇူးတင်ကြောင်း ရေးသားထားတာကိုလဲ တွေ့ရပါတယ်။
စာဖတ်ပရိသတ်ကြီးရေ No အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရတနာ ဟာဆိုရင်တော့ ဂီတလောကထဲက ပျောက်ကွယ်နေတာ အတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ No အဖွဲ့ဝင်တွေနဲ့အတူ သူတို့ရဲ့သီချင်းလေးတွေကို မှတ်မိသေးလား ပြောခဲ့ပါအုန်းနော်။
Credit:Cele Only