
Posted on





Credit:Cele Only

အကျဉ်းထောင်ထဲမှာ အထီးကျန်စွာခံစားနေရတဲ့ ပိုပိုအတွက် စိုးရိမ်ပူပန်မှုကြောင့် ရင်ထဲကလာတဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ကြီးရေ ‌အဆိုတော် ဖြူဖြူကျော်သိန်း‌ ကတော့ အသံပါဝါ ကောင်းကောင်း ကို ပိုင်ဆိုင် ထားပြီးတော့ သီချင်းကောင် းများစွာကို သီဆိုထားတဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားပိုင်ဆိုင် ထားတဲ့ အဆိုတော် တစ်လက်လဲဖြစ် ပါတယ်။ ဒါအပြင် ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့ အတူတူ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတာလဲ ဖြစ်ပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ မလွတ်မြောက်သေးတဲ့ ပိုပိုအတွက် စိုးရိမ်နေတဲ့ အကြောင်းကို ” ပိုပို သီချင်းတွေပြန်ဆိုဖို့၊ သီချင်းသစ်တွေ ထုတ်ဖို့၊ ပွဲတွေဆိုဖို့၊ ပွဲတွေတက်ဖို့၊ ကြော်ငြာတွေ ရိုက်ဖို့၊ ဓာတ်ပုံတွေရိုက်ဖို့ လာပြောကြတိုင်း သူ့မျက်နှာလေးပဲ ပြေးမြင်တယ်။ ကိုယ်တောင် အပြင်မှာ ၆ လကျော် ၅၀၅ ဝရမ်းပြေးဘဝနဲ့ရှောင်ရပုန်းရတာဒီလောက်ခက်ခဲခဲ့ဖူးတာ… သူ့ခမျာ အထဲမှာ ၁ နှစ်ကျော်ကြာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလိုက်မလဲ? တစ်ရက်မပြတ် သတိရဆုတောင်းပေးတယ်။

ကျန်းကျန်းမာမာနဲ့အမြန်ဆုံး လွတ်မြောက်ပါစေ ညီမလေးရေ” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာ ကို တွေ့ရပါတယ်။စာဖတ် ပရိသတ်ကြီးရေ အဆိုတော် ပိုပို အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေလို့ ဖြူဖြူ နဲ့အတူ ဆုတောင်းပေးလိုက်ပါအုန်းနော်။

Credit:Cele Only