Credit:Cele Only
ထင်ရာပြောတတ်တဲ့ လူတစ်ချို့ကြောင့် စိတ်ညစ်ရကြောင်းကို ပရိသတ်ကြီးအား ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ခင်ဝင့်ဝါ
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေက ချစ်ခင်နှစ်သက် အားပေးရတဲ့ ထိပ်တန်းမင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်နော်။ ခေးလို့ချစ်စနိုးခေါ်ကြပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလဲ သဘာဝက်က် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင် ထားတဲ့ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေကြားထဲမှာ အောင်မြင်ကျော်ကြားခဲ့ပါသေးတယ်။
မင်းသမီးချောလေး ခင်ဝင့်ဝါ ဟာ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေမှာလဲ ပြည်သူတွေနဲ့ အတူ ထပ်တူရပ်တည်ခဲ့ တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်ကြရပြန်ပါတယ်။ အနုပညာလှုပ်ရှားမူ့တွေ နည်းပါးသွားလို့ လွမ်းနေတဲ့ ပရိသတ်တွေ အတွက် အဝေးကနေ ခပ်မိုက်မိုက် ဓာတ်ပုံလေးတွေကို တင်ပေးနေတာလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ ခင်ဝင့်ဝါ ဟာသူ့ရဲ့စိတ်ခံစားချက် တစ်ချို့ကို ဖွင့်ဟပြောပြခဲ့ပါတယ်။ ” ပြောပြချင်တိုင်းပြောပြခွင့်မရတဲ့အခြေနေမှာ စိတ်ထင်တိုင်းစိတ်ထဲရှိတိုင်းပြောချင်တိုင်းပြောနေကြတဲ့ လူတွေ အတွက် အခုချိန်မှာ ဖြေစရာစကားမရှိ” လို့ ရေးသားခဲ့တာပါ။
ပရိသတ်ကြီးရေ မင်းသမီး ခင်ဝင့်ဝါ ဟာ ပေါက်ကရ စိတ်ထင်ရာပြောနေတဲ့ လူတွေကို အတွက် အရမ်းစိတ်ညစ်နေတာပဲ ဖြစ်ပါတယ်။ အားတင်းထားပါ ခေးရေ….
Credit:Cele Only