Credit
ချစ်သူနဲ့ပတ်သက်ပြီး သူမကိုပုတ်ခတ်ပြောဆိုလာသူတွေကို ပညာသားပါပါတုံ့ပြန်လာတဲ့ သရုပ်ဆောင် မြတ်သူသူ
MRTV-4 ဇာတ်လမ်းတွဲလေးတွေ ကနေ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာက တော့ မင်းသမီးချောလေးမြတ်သူသူပဲဖြစ်ပါတ ယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေတိုင်းမှာ ပါဝင်သရုပ်ဆောင်သူတိုင်းဟာ ခဏလေးအတွင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။ မြတ်သူသူဟာလည်း အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့်မကြာခဏဝေဖန်တိုက်ခိုက်မှုတွေလည်းခံနေရသူတစ်ယောက်ပါ။သူမဟာလူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေနဲ့မပြတ်ရှိနေတာပါ။
ခေတ်ကာလအခြေနေကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးနေပေမယ့် သူမရဲ့ပုံရိပ်လေးတွေကြေ ာင့် လည်း ပရိသတ်တွေ ချစ်နေရတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်း ပိုင်ဆိုင်ထားပြီး အားကျနေရတာပါ။မြတ်သူသူ ကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မကြာသေးမီကမှ တရားဝင်ချပြလာပြီး စုံတွဲပုံလေးတွေပါတင်လာတာဖြစ်ပါတယ်။ဒီနေ့မှာတော့ရည်းစားနဲ့ပြတ်ဖူးပြီးသားမို့အခုလည်းအချိန်တန်ရင်ပြတ်မှာဘဲလို့ဝေဖန်နေတဲ့သူတွေကိုထိထိမိမိပြန်ပြောပြလာတာလည်းဖြစ်ပါတယ်။
မြတ်သူသူကရည်းစားနဲ့ ပြတ်ဖူးတဲ့ မိန်းကလေးတွေက ထပ်မချစ်ရတော့ ဘူးလားအချစ်ခံရဖို့ မထိုက်တန်တော့ လို့လား။မှတ်မှတ်ရရမန့်လေးမို့ တင်ပါရစေနော် ညီမလေး၊ဒါနဲ့ အကို့ Cb မှာ နှစ်ယောက်ကို လိုက်ဖက်တယ်ပြောပေးတာတော့တကယ်ကျေးဇူးတင်ပါတယ်နော်ဆိုပြီးပြောလာတာဖြစ်ပါတယ်။ပညာသားပါပါနဲ့တုန့်ပြန်လိုက်တဲ့ မြတ်သူသူရဲ့စကားလုံးတွေက တကယ်ကို ထိမိလွန်းတာတော့အမှန်ပဲနော်…။
Credit